လက်ရှိဈေးကွက်ထဲတွင် သိန်းတစ်ရာဝန်းကျင်ကားများ အရောင်းအဝယ်ဖြစ်နေပြီး အရည်ကျိုကားများနှင့် အ အက္ခရာကားများ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ အမြင့်ကားများမှာ နယ်ဝယ်လက်များဆင်းသည့်နေ့တွင်သာ အရောင်းအဝယ်ဖြစ်ပြီး ကျန်ရက်များတွင် အရောင်းအဝယ်အေးကြောင်း သိရှိရသည်။
လက်ရှိဈေးကွက်ထဲတွင် ၁၃ဝဝ စီစီ ကားများနှင့် ၁၅ဝဝ စီစီ ကားများအမေးရှိသော်လည်း ဝယ်

သူများပေးသည့်ဈေးဖြင့်သာ ရောင်းချနေရကြောင်း၊ ဈေးကွက်မှာ ဝယ်သူဈေးကွက်ဖြစ်နေကြောင်း ဝယ်ရောင်းကြီးများက ပြောကြားသည်။ နယ်ဝယ်လက်များထဲတွင် အထက်မြန်မာပြည်မှ ဝယ်လက်များကို အဓိက အားထားနေရကြောင်း သိရှိရသည်။
မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင်မူ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ယင်းဝင်းအတွင်းရှိ ဝယ်ရောင်းကြီးများက ပြောကြားသည်။ သီရိမင်္ဂလာတွင် ဝယ်ယူမှုအဆင်မပြေသဖြင့် ဝယ်လက်များမှာ မင်းရဲကျော်စွာသို့ ဆင်းလာခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့ကဆိုသည်။ လက်ရှိဈေးကွက်ထဲတွင် နေ့စဉ်အစီး ၂ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး နယ်ဝယ်လက်များဆင်းလာသည့်နေ့တွင် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရသည်။
စလစ်များအဝယ်လိုက်လာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာသဖြင့် မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းတွင် အပ်ကားဈေးကွက်ကောင်းမွန်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
Auto Mobile Weekly Journal မှ ကူးယူဖော်ပြသည်။
Photo credit by cumi&ciki