သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်းဖျက်သိမ်းရန် ရပ်ဆိုင်းထား ကားဝင်ကြေး မကောက်ခံတော့ဘဲ အရင်အတိုင်းအရောင်းအဝယ်ပြုလုပ်

0

Full article

ဖျက်သိမ်းဖယ်ရှားခိုင်းထားသော သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်းဖျက်သိမ်းရန် ခတ္တခဏ ရပ်ဆိုင်းထားပြီး ကားဝင်ကြေး မကောက်ခံတော့ဘဲ အရင်အတိုင်းအရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါသည်။ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေတဲ့ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်း အဆောက်အဦးမှာ အန္တရာယ်ရှိ အဆောက်အဦး အဖြစ် သတ်မှတ်ပြီး ယာဉ်ရောင်းဝယ်ရေးစခန်းအား ပိတ်သိမ်း၍ ယာဉ်များကို ဖယ်ရှားပေးရမည်ဖြစကြေငြာထားရာ ယနေ့တွင် မော်တော်ကားရောင်းဝယ်ရေးအသင်းက တင်ပြလာသောကြောင့် လွတ်တော်ကိုယ်စားလှယ်မှတွေ့ဆုံဆွေးနွေးရန် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။ "သီရီမင်္ဂလာဈေးက ကားတွေကို ဖယ်ရှားတာ ခတ္တခဏ ရပ်ဆိုင်းထားပါတယ်။ လွတ်တော်ကိုယ်စားလှယ်ကလည်း ဖျက်သင့်မဖျက်သင့်ဆိုတာ တင်ပြပေးလိမ့်မယ်။ အဆောက်အဦးကို ဖျက်ဖို့ လိုမလိုဆိုတာ စစ်ဆေးရတဲ့ ပညာရှင်တွေ ခေါ်ပြီး စစ်ဆေးဖို့ တင်ပြမယ်လို့ လည်း သိရတယ်။ "ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောတယ်။ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေး အဆောက်အဦးမှာ အန္တရာယ်ရှိ အဆောက်အဦး သတ်မှတ်ထားသောကြောင့် ပြန်လည်ဆောက်လုပ်သွားမှာ ဖြစ်၍ ကားရောင်းဝယ်ရေးနေရာရှိ ကားများကို သံသုမာ ယာဉ်ရောင်းဝယ်ရေး စခန်း ၊လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်း၊ အောင်မင်္ဂလာ ယာဉ်ရောင်းဝယ်ရေး နေရာများတွင် သွားရောက်အရောင်းအဝယ်ပြုလုပ်နိုင်တယ်လို့လည်း သတ်မှတ်ထားပြီး ဖယ်ရှားခိုင်းရန် အသိပေးထားရှိကြောင်း သိရသည်။ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေတဲ့ နေရာ ဖြစ်တဲ့ သီရိမင်္ဂလာ ကားအရောင်းအဝယ်စခန်းတွင် ကားအစီးရေ ၈ဝဝ နီးပါးရှိနေပြီူး အခြားသော လုပ်ငန်းများကလည်း နှစ်ရှည်ဌားရမ်းထားတယ်လို့ သိရပါသည်။

ခေတ်သစ်

Author