သိရီမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းနေရာအား ဖျက်သိမ်းရန်လိုမလို အစိုးအဖွဲ့က စစ်ဆေးမည်

0

Full article

သိရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်းနေရာအား ဖျက်သိမ်းသင့်ရန် လိုမလိုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောပါသည်။ "သိရီမင်္ဂလာဈေးမှာ နှစ်ရှည် စာချူပ်နဲ့ ဌားရမ်းထားတဲ့ ကုမ္ပဏီ တွေလည်းရှိနေတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ပြည်သူ့မျက်နှာကို ပြန့်ကြည့်ဖို့လိုတယ်။ အဆောက်အဦးနဲ့ ပက်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကစစ်ဆေးသွားမယ်လို့ သိရတယ်။ လွတ်တော်ဥက္ကဌဆီကိုလည်း ပြန်လည်စစ်ဆေးပေးဖို့ တင်ပြထားပါတယ်။ "ဟု ကြည့်မြင်တိုင် မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် အမှတ် ၂ မဲဆန္ဒနယ် ဦးခင်ဝင်းကပြောပါတယ်။ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်း အဆောက်အဦး သည် အန္တရယ်ရှိ အဆောက်အဦး အဖြစ် သြဂုတ်လ ၁၆ ရက်က သတ်မှတ်ထားရှိပြီး ဖြစ်၍ ယာဉ်ရောင်းဝယ်ရေးစခန်းအား ပိတ်သိမ်း၍ ယာဉ်များကို ဖယ်ရှားပေးရမည်ဖြစ်ကြောင်း အသိပေးစာနှိူးဆော်ထားရှိသည်။ သီရိမင်္ဂလာ ဈေးဟောင်းအတွင်းရှိ တစ်နိုင်တစ်ပိုင် မော်တော်ကားရောင်းဝယ်သူများမှ လက်မှတ်ရေးထိုး၍ ရန်ကုန်မြို့တော်ဝန် ထံတင်ပြထားမှူများရှိကြောင်း သိရသည်။ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ကားအစီးရေ ၇ဝဝ ကျော် ရပ်နား၍ ကားအရောင်းအဝယ်ပြုလုပ်နေရာ ဆိုင်ခန်းများ ကို လည်း နှစ်ရှည်ဌားရမ်းထားရှိတယ်လို့ သိရသည်။

ခေတ်သစ်

Author