Full article

၂ဝ၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မြန်မာရိုးရာ ယာဉ်ကျေးမှု  မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မဟာသင်္ကြန် အကြိုနေ့ ၁၃-၄-၂ဝ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ နံနက် ၆ နာရီမှ ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်ထိ လည်ကောင်း၊ မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားအား မဟာသင်္ကြန် အတတ်နေ့ ၁၆-၄-၂ဝ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ညနေ ၃ နာရီမှ အခမ်းအနား ပြီးဆုံးချိန်ထိ လည်ကောင်း ပြည်လမ်းအား အလုံလမ်းမှ ရှင်စောပုလမ်းအထိ လမ်းခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း နှင့် တောင်ဘက်မှလာသော မော်တော်ဟာဉ်များသည် အလုံလမ်းမှလည်းကောင်း၊ မြောက်ဘက်မှလာသော မော်တော်ယာဉ်သည် ရှင်စောပုလမ်း၊ ဗားကရာလမ်းမှ လည်းကောင်း လမ်းလွှဲမောင်းနှင်ကြရန် သတိပေးနှိုးဆော် ထားပါသည်။

Author