သင်္ကြန်ကာလအဝေးပြေးယာဉ်လိုင်းများယာဉ်စီးခတိုးမြှင့်ရန်တင်ပြထားရာဆတိုးကောက်ခံခွင့်ပြုမည်မဟုတ်

0

Full article

မဟာသင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရန်နှင့်ယခင်နှစ်များထက် ခရီးသွားလာရာတွင် အခက်အခဲမရှိစေရန်အဝေးပြေးယာဉ်လိုင်းများအား ယာဉ်စီးခ နှူန်းထား ဆတိုးကောက်ခံခွင့်ပြုမှာမဟုတ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ သိရပါတယ်။ အဝေးပြေးယာဉ်လိုင်းများအနေနဲ့ ယခုအချိန်ထဲမှပင် ယာဉ် စီးခပိုမိုကောက်ခံနေပြီး အာဏာပိုင်အဖွဲ့ကိုလည်း ၅ဝ ရာခိုင်နှုန်း တိုးမြင့်ကောပ်ခံရန်တင်ပြထားတယ် လို့သိရပါတယ်။သင်္ကြန်မှာ ခရီးသွားပြည်သူတွေလည်းများလားမှာဖြစ်တယ်။ ဒါကြောင့် အဝေးပြေး ယာဉ်စီးခကို ဆတိုးကောက်ဖို့ခွင့်မပြုပါဘူး။ ဘယ်လောက်နဲ့ကောက်ဖို့ ဆိုတာလည့်း ဆွေးနွေးနေပါတယ်။ လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူ တစ်ဦးမှပြောပါတယ်။ အဝေးပြေးခရီးသည်တင်ယာဉ်များအနေဖြင့် သင်္ကြန်ကာလတွင် ရန်ကုန်မှ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပြေးဆွဲရာတွင် အသွားတစ်ကြောင်းသာ ပြေးဆွဲရနေပြီး ရန်ကုန်ဘက်သို့ ပြန်လည်ပြေးဆွဲရာတွင် ခရီးသည်စီးနင်းမှူ နည်းပါးသည့်အတွက် ယာဉ်လိုင်းများမှာ အဆင်မပြေကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့သို့ ပြန်လည်တင်ပြမှူများရှိနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အခြေပြုနေသည့် အဝေးပြေးခရီးသည်ယာဉ်လိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းပေါ်င်း ၆၈ဝ ကျော် ရှိပြီး ယာဉ်အစီးရေ ၇ဝဝဝ ကျော်နဲ့ နေ့စဉ်ပြေးဆွဲပေးနေတယ် လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author