သင်္ကြန်ရက်အတွင်း YBS ကားများတွင် ယာဉ်နောက်လိုက် ထားခွင့်ပေးမည်

0

Full article

သင်္ကြန်ရက်များအတွင်း ခရီးသည်တင် YBS ကားများပြေးဆွဲပေးရာမှာ လုံခြုံရေးအတွက်နှင့် ငွေထည့်ပုံများရေစိုမှာ ဆိုးသဖြင့် ယာဉ်နောက်လိုက်များ ပြန်လည် ထားခွင့်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရသည်။

ခရီးသည်တင် YBS စနစ်စတင်ချိန်တွင် ကိုယ်ရကိုယ်ယူစနစ် ဖျက်သိမ်းရန်အတွက် မီးနီဘတ်စ်ကားများကလွဲပြီး ယာဉ်နောက်လိုက်စပယ်ယာများက ယာဉ်စီးခကောက်ခံခြင်းကို မထားရှိတော့ဘဲ ငွေထည့်ပုံး cash box စနစ်အသုံးပြုရန်သတ်မှတ်ထားခဲ့ကြောင်း သိရသည်။

" သင်္ကြန်ရက်များ ငွေပုံးတွေထည့်ရတာအဆင်မပြေဘူး။ ယာဉ်နောက်လိုက် ထားခွင့်ပေးထားတယ်။ ကားတွေမှာ wifi စနစ်တွေလည်းတပ်ထားလို့ ကားအတွင်းပိုင်း ရေစိုသွားနိုင်တဲ့အတွက်ရယ် လုံခြုံရေးပိုင်းအတွက်လည်းရှိတော့ ယာဉ်လိုင်းတွေကတောင်းဆိုလို့ သင်္ကြန်ရက်မှာ ယာဉ်နောက်လိုက်ထားခွင့်ပေးတာပါ။" အများပြည်သူသယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောကြားသည်။

သင်္ကြန်ကာလရက်များတွင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင် YBS ကားအစီးရေ ၇၆၉ စီး ယာဉ်လိုင်း ၆၁ လိုင်းပြေးဆွဲပေးမည်ဖြစ်ရာအဝေးပြေးယာဉ်လိုင်းများတွင်လည်း ဧပြီ ၁၁ ရက်က စပြီး အားဖြည့်ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

Public Transportation

Author