သင်္ကြန်ကာလ ယာဉ်နံပါတ်မတပ်ဆင်ထားသောယာဉ်များနှင့် လိုင်စင်မဲ့ကားများကို ထိရောက်စွာ အရေးယူမည်

0

Full article

ရန်ကုန်တိုင်းအတွင်း သင်္ကြန်ကာလတွင် ယာဉ်နံပါတ်မတပ်ဆင်ထားသောယာဉ်များ လိုင်စင်မဲ့ကားများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သင်္ကြန်ကာလတွင် စည်းကမ်းဖောက်ဖျက် မောင်းနှင်သွားလာမည့် ယာဉ်များကိုလည်း အရေးယူဖမ်းဆီး စစ်ဆေး သွားမည်ဖြစ်ရာ ယာဉ်မှတ်ပုံတင် မပြုလုပ်ထားသော လိုင်စင်မဲ့ယာဉ်များ၊ ပျက်စီးနေသည့် ယာဉ်အိုယာဉ်ဟောင်းများ၊ ယာဉ်နံပါတ်မတပ်ဆင်ထားသော ယာဉ်များနှင့် ယာယီနံပါတ်ကားများကို ထိရောက်စွာ ဖမ်းဆီး အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

"သင်္ကြန်အတွင်းမှာ နံပါတ်မတပ်ဘဲ သွားလာနေတာတို့ ပျက်စီးနေပြီး လမ်းပေါ်မှာသွားဖို့ ခွင့်မပြုထားတဲ့ကားတွေ ယာယီနံပါတ်တွေနဲ့ လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူသွားမှာပါ။ စစ်ဆေးလို့ လိုင်စင်မဲ့ကားဖြစ်ရင် ထုတ်ကုန်သွင်းကုန်နဲ့ သိမ်းဆည်းသွားမှာပါ "ဟု ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အရာရှိကြီး တစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလတွင် ယာဉ်ပိတ်ဆို့ကြပ်တည်းမှုမဖြစ်စေရန်အတွက် ယာဉ်ထိန်းအင်အားအပြည့် အသုံးပြုသွားမှာဖြစ်ရာ ယာဉ်ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွက် ယာဉ်မောင်းသူများလိုက်နာရမည့် အချက်များလည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author