သတ်မှတ်ဒဏ်ကြေးဖြင့် ကားများလာရောက်ထုတ်မယူသည့် Delivery van ကားအစီး ၈ဝဝ ခန့်ကျန်ရှိ၊ နိုင်ငံပိုင်သိမ်းရန် မသတ်မှတ်ရသေး

0

Full article

သတ်မှတ်ထားသော ဒဏ်ကြေးအတိုင်း ကားများလာရောက်မထုတ်ယူသော Delivery van ကား အစီး၈ဝဝ ခန့်ကျန်ရှိနေပြီး နိုင်ငံပိုင်သိမ်းဆည်းရန် ခွင့်ပြုမိန့်မကျသေးကြောင်း အကောက်ခွန်ဦးစီးဌာနက သိရပါသည်။

ဆိဏ်ကမ်းများနှင့် နယ်စပ်များကတစ်ဆင့် တင်သွင်းထားရှိသော delivery van ကားများကို စက်တင်ဘာလ ၉ ရက် ညနေ ၄ နာရီအထိနောက်ဆုံးထား၍ ကားများထုတ်ယူရန် သတ်မှတ်ထားရှိခဲ့ရာ သတ်မှတ်ကာလကျော်လွန်ပါက လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိသော ကားများ ဥပဒေအရ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန မှ အသိပေးကြေငြာထားရှိသည်။

" သတ်မှတ်ထားတဲ့ဒဏ်ကြေးနဲ့လာပီးမထုတ်တဲ့ကားက ဆိပ်ကမ်းမှာ အစီး၁၇ဝ ကျော်ရှိတယ်။မြဝတီမှာက အစီး ၆ဝဝ လောက်ကျန်နေတယ်။စက်တင်ဘာလ ၇ ရက်နောက်ပိုင်းကနေစပြီး လုပ်ငန်းမဆောင်ရွက်ဖို့ ကြီးကော်ကသတ်မှတ်ထားပါတယ်။ သိမ်းဆည်းမယ်ဆိုတာတော့ တင်ပြထားတဲ့အဆင့်ပဲရှိတယ်။"ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လုပ်ငန်းသုံး delivery van ကားများဖြစ်သည့် အုပ်စု C ကို ဒဏ်ကြေး 1/4 AV နှင့် အုပ်စု D ကို 1/AV လူစီးကားအဖြစ် ဒဏ်ကြေးနှုန်းထားဖြင့်သာ အဖြစ်သတ်မှတ်ထားရှိရာ ဒဏ်ကြေးနှုန်းထားများပြားလွန်း၍ ကားများလာရောက်မထုတ်ယူကြခြင်းဖြစ်ပြီး ဆိပ်ကမ်းရှိ လာမထုတ်သော ကားများက နိုင်ငံပိုင်သိမ်း၍ ရသော်လည်း မြဝတီရှိကားများက လိုင်စင်မဲ့ကားအဖြစ် ဝင်ရောက်လာနိုင်ဖွယ်ရှိနေကြောင်း သိရပါသည်။

Regulation

Author