လုပ်ငန်းသုံး 660cc ကားလေးများ ၂ဝ၁၉ ခုနှစ်တွင် ကျပ် သိန်း ၅ဝ အထိ ဈေးနှုန်းစံချိန်တင်မြင့်တက်

0

Full article

ပြည်ပမှ ညာမောင်းကားတင်သွင်းခွင့်မရှိတော့သည့်နောက်ပိုင်းတွင် ဂျပန်လက်ကျန် ညာမောင်းကားဈေးမှာ တရိပ်ရိပ် မြင့်တက်လာနေခဲ့ရာ အင်ဂျင်ပါဝါသေးသော ကားလေးများဖြစ်သည့် လုပ်ငန်းသုံး 660cc မီနီထရပ်ကားလေးများသည် ၂ဝ၁၉ ခုနှစ်အတွင်း ကျပ် သိန်း ၅ဝ အထိဈေးနှုန်း စံချိန်တင်မြင့်တက်လာနေခဲ့ကြောင်း ကားရောင်းဝယ်ရေးဈေးကွက်အတွင်းမှ သိရသည်။

ယခင်က ပြည်တွင်းတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုရလွယ်ကူသည့် လူကြိုက်အများဆုံးဖြစ်ခဲ့သော 660cc မီနီထရပ် ဂျပန်တစ်ပတ်ရစ်ကားများသည် ဈေးနှုန်းကျပ် သိန်း ၇ဝ မှ သိန်း ၁ဝဝ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ကျပ် သိန်း ၁၅ဝ မှ ၁၈ဝ အထိ ဈေးနှုန်းများမြင့်တက်ပြီး အဝယ်လိုက်လာရာ ကားဈေးကွက်တွင် အမြင့်ဆုံးစံချိန်ဖြင့် ဈေးနှုန်းမြင့်တက်လာနေခဲ့ကြောင်း သိရသည်။

"ကားဈေးအတက်လာဆုံးကားတွေထဲမှာ အင်ဂျင်ပါဝါ 660cc Hijet လုပ်ငန်းသုံးကားလေးတွေက ဈေးအတက်ဆုံးဖြစ်နေတယ်။ အရင်က သိန်း ၇ဝ နဲ့ ၉ဝ လောက်နဲ့ ဝယ်လို့ရတဲ့ကားက အခုဆို ဈေးက သိန်း ၁၃ဝ လောက်ဖြစ်နေပြီ။ မော်ဒယ်အမြင့် Hijet ကားတွေဆို သိန်း ၁၈ဝ လောက်အထိဈေးတက်လာတယ်။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေကလည်း အင်ဂျင်ပါဝါအသေး 660cc ကားကိုပဲ အမေးများတယ်။ နယ်တွေမှာ ကုန်သယ်ဖို့အတွက် မိုးတွင်းမရောက်ခင် ဆီစားနှုန်းကလည်းသက်သာပြီး ကားကြံ့ခိုင်မှုနဲ့ ပြင်ဆင်ရတာလည်းလွယ်တဲ့အတွက်၊ ကားအပိုပစ္စည်းဆိုလည်း အရမ်းပေါတဲ့အတွက် ဒီကားလေးတွေပဲသုံးလာကြတာ။ နောက်တော့၊ ဒီကားတွေကထပ်ပြီးသွင်းမရတော့၊ လိုအပ်ချက်ရှိလာတော့ ဈေးကအရမ်းတက်လာတာ။" ဟု ကားရောင်းဝယ်ရေးဈေးကွက်အတွင်း လုပ်ငန်းသုံးကားလေးများ အရောင်းအဝယ်ပြုလုပ်နေသူ ဦးတင်မောင်ထွန်းက ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသများမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများမှာ လုပ်ငန်းသုံးအင်ဂျင်ပါဝါအသေး ကားလေးများဖြစ်သော Hijet ကားများကို ဝယ်ယူမှုများပြားလာရာ ယခင် သိန်း ၇ဝ သာရှိသော Hijet ကားဈေးမှာ လက်ရှိ သိန်း ၁၄ဝ ဝန်းကျင်နှင့် သိန်း၁၈ဝ အထိ ဈေးနှုန်းများမြင့်တက်လာနေကြောင်း သိရသည်။

Author

Comments