ပြည်ပမှ Brand New (Ageing Stock) ဖြင့် ကားတင်သွင်းရာတွင် သွင်းကုန်လိုင်စင်အတိုင်း တင်သွင်းရမည်ဖြစ်ရာ ၁ နှစ် နိမ့်မော်ဒယ်တင်သွင်းခြင်းနှင့် မော်ဒယ်ခုန် တင်သွင်းခြင်းကို ခွင့်ပြုတော့မည်မဟုတ်

0

Full article

ပြည်ပမှ Brand New (Ageing Stock) ဖြင့် ကားတင်သွင်းရာတွင် သွင်းကုန်ပါမစ်အတိုင်း၊ သတ်မှတ်ထားသည့်မော်ဒယ်အတိုင်း တင်သွင်းရမည်ဖြစ်ရာ ၁ နှစ် နိမ့်မော်ဒယ်တင်သွင်းခြင်းနှင့် မော်ဒယ်ခုန် တင်သွင်းခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယခင်က ပြည်ပမှ Brand New (Ageing Stock) ဖြင့် ကားတင်သွင်းရာတွင် သွင်းကုန်ပါမစ်လျှောက်ထားမှု၊ ထုတ်လုပ်သည့်ခုနှစ်၂ နှစ်သက်တမ်းရှိ မော်တော်ယာဉ်များအား ရောက်ရှိခုနှစ်၊ မိုဒယ် Brand New ကို အကောက်ခွန်တွင် ဒဏ်ကြေးပေးဆောင်၍ ဈေးကွက်တွင်အပြိုင်ရောင်းချမှု များပြားလာနေသဖြင့် ၁ နှစ်နိမ့်မော်ဒယ်တင်သွင်းခြင်းနှင့် မော်ဒယ်ခုန် တင်သွင်းခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

"Brand New (Ageing Stock) နဲ့တင်သွင်းတဲ့ကားတွေကို သွင်းကုန်ပါမစ်အတိုင်း လျှောက်ထားရမှာပါ။ ကြီးကော်က သွင်းကုန်ပါမစ်အတိုင်းမဟုတ်ဘဲ ၁ နှစ်နိမ့် model down ကိုတင်သွင်းတာတွေ၊ model အမြင့်ကိုတင်သွင်းတာတွေ နောက်ပိုင်းလက်မခံတော့ပါဘူး။ ဒါကလည်း Ageing Stock နဲ့တင်သွင်းတဲ့ Brand New ကားတွေကိုပဲ ကန့်သတ်ထားတာပါ။" ဟု နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Author

Comments