Yangon Payment Service (YPS) စနစ်ကို လာမည့် ဇူလိုင်လ ၂၁ရက်နေ့တွင် စတင်တော့မည်

0

Full article

Yangon Payment Service (YPS) စနစ်ကို လာမည့် ဇူလိုင်လ ၂၁ရက်နေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ မီဒီယာတွေ့ဆုံပွဲ (၇ / ၂၀၂၀ ) တွင် Asia Starmar Transport intelligent Co.,Ltd မှ ပြောကြားခဲ့သည်။

Yangon Payment Service (YPS) စနစ်ကို စတင်ကျင့်သုံးမည့် ယာဉ်လိုင်းများမှ YBPC ကုမ္ပဏီမှ ယာဉ်လိုင်းများနှင့် ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်းများဖြင့် လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်သွားမည်ဖြစ်ပြီး ကတ်ရောင်းချမှုနှင့် ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှုများကို ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ စတင်ချိန်တွင် flat line များကို အစဉ်လိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် ကတ် စနစ်ဖြင့် အကျွမ်းဝင်လာပါက Distance Fare စနစ်ကို စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကတ်ဖြန့်ဖြူးရောင်းချခြင်း၊ ငွေဖြည့်သွင်းခြင်းများအတွက် ဆူးလေ၊ သမိုင်းနှင့် တာမွေ မြို့နယ်တို့တွင် YPS Service Center ၃ခု အသင့်ပြင်ဆင်ထားပြီး G&G ဆိုင်ပေါင်း ၁၀၂ တွင် ရရှိနိုင်မည်ဖြစ်သည်။ ရောင်းချမည့်ဆိုင်များကို သိရှိနိုင်စေရန် YPS အမှတ်တံဆိပ်ပါ ဆိုင်းဘုတ်အမှတ်အသားများ ပြုလုပ်ထားပြီး ဆိုင်တည်နေရာစာရင်းများကို FB Page များတွင်ကြော်ငြာခြင်း နှင့် ဘတ်စ်ကားများတွင် တပ်ဆင်ထားသော QR code ဖြင့် G&G Messenger BOT သို့ ဝင်ရောက်ကာ သိရှိနိုင်မည်ဖြစ်သည်။  ကတ်ဈေးနှုန်းမှာ ၂,၀၀၀ ကျပ်ဖြစ်ပြီး ငွေဖြည့်သွင်းခြင်းအတွက် အနည်းဆုံး ၁,၀၀၀ ကျပ်မှ အများဆုံး ၅၀,၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ ကတ်အသုံးပြုရာတွင် ဘတ်စ်ကားပေါ်တက်ရာ၌ အရှေ့တံခါးတွင် တပ်ဆင်ထားသော Bus validator စက်တွင် ကတ်ကို ထိပေးရမည်ဖြစ်ပြီး ကားပေါ်မှ ပြန်ဆင်းရာတွင် အနောက်တံခါး၌တပ်ဆင်ထားသော Bus Validator တွင် ထမ်မံထိပေးရမည်ဖြစ်သည်။ အကယ်၍ ကားပေါ်မှ ပြန်လည်ဆင်းရာတွင်ကတ်ကို စက်တွင် ထိရန်မေ့ခဲ့မည်ဆိုပါက နောက်ခရီးစဉ်အစတွင် ယခင်ခရီးစဉ်တစ်ခုလုံး၏ ကျသင့်နှုန်းထားကို အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၁ -၇- ၂၀၂၀ ရက်နေ့တွင် YPS စနစ်စတင်ကျင့်သုံးမည့် ယာဉ်လိုင်းများမှ YBPC ကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော ၄၃၊ ၆၂၊ ၇၂၊ ၈၇ - ၀၁၊ ၈၇ - ၀၂၊ ၈၈၊ ၈၉ - ၀၁၊ ၈၉ - ၀၂၊ ၉၆ -  ၀၁၊ ၉၆ - ၀၂၊ စုစုပေါင်း ယာဉ်လိုင်း (၇) လိုင်း၊ လမ်းကြောင်း ၁၀ ခု၊ ယာည်အရေအတွက် ၃၆၃ စီးနှင့် ဗန္ဓုလ ယာဉ်လိုင်းကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော ၁၂ ၊ ၁၄ ၊ ၂၅ ၊ ၃၀ - ၁ ၊ ၃၀ - ၂ ၊ ၃၈ ၊ ၅၅ ၊ စုစုပေါင်းယာဉ်လိုင်း (၆) လိုင်း၊ လမ်းကြောင်း (၇) ခု၊ ယာဉ်အစီးရေ ၂၃၄ စီးဖြင့် စတင်သွားမည်ဖြစ်ကြောင်းသိရသည်။

Author