The Above & Beyond Tour တစ်ခုဖြစ်တဲ့ Trail to Namibia ခရီးစဉ်ရဲ့ အဖွင့်နိဒါန်းဟာဆိုရင်တော့ဖြင့် ..



ဆန်းသစ်ခြင်း၊ ရင်ခုန်စရာကောင်းခြင်း၊ တမူထူးခြားတဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုရမှာပါ။ Namibia ဆိုတဲ့နိုင်ငံဟာ အာဖရိကတိုက်ရဲ့ တောင်ဘက်မှာတည်ရှိသလို၊ တောင်အာဖရိကနိုင်ငံရဲ့ အနောက်အရပ်တည့်တည့်မှာ တည်ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံကို သွားရောက်ဖို့အတွက် ပြီးခဲ့တဲ့ CarsDB Auto Show Yangon 2019 ပွဲကြီးမှာ Land Rover ရဲ့ The Above & Beyond Tour ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပြီး အနိုင်ရရှိသူနှစ်ယောက် ထွက်ပေါ်လာခဲ့တာပါ။




ဒီခရီးစဉ်မှာ အနိုင်ရရှိသူနှစ်ယောက်ဖြစ်တဲ့ ကိုဝင်းမြင့်အောင် နဲ့ ကိုအောင်ရဲပြည့်တို့နဲ့အတူ မီဒီယာအဖြစ် CarsDB ရဲ့ COO ကိုဝေဖြိုးကျော်တို့ ပါဝင်ခဲ့တယ်။ Land Rover ရဲ့ဒီခရီးစဉ်မှာ အာဖရိကတိုက်ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ အံ့အားသင့်စရာကောင်းတဲ့ရှုခင်းအလှတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကမ္ဘာ့ရှားပါးသားရဲတိရစ္ဆာန်တွေကို Land Rover Off Road ကားတွေဖြစ်တဲ့ Discovery Series ကားတွေနဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ လမ်းတွေကို ဖြတ်ကျော် မောင်းနှင်ပြီး နီးနီးကပ်ကပ်ကြည့်ရှုလေ့လာခွင့်ရတာကြောင့် ရင်ခုန်စိတ်လှုပ်ရှား စရာကောင်းတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုရမှာပါ။




Namibia ဟာ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းမှုအနည်းဆုံးဖြစ်တဲ့ အာဖရိကနိုင်ငံဖြစ်ပြီး အဏ္ဏဝါ အရင်းအမြစ်တွေကြွယ်ဝသလို၊ ကမ္ဘာပေါ်မှာရှေးအကျဆုံး ကမ်းရိုးတန်းသဲကန္တာရတွေ ပါရှိတာကြောင့် အမြင်ဆန်းစေတာ တော့အမှန်ပါပဲ။ အခုဆိုရင်တော့ The Above & Beyond Tour ရဲ့ Namibia ခရီးစဉ်အစမှာတင် ပျော်ရွှင်စရာတွေ၊ ရင်ခုန်စရာတွေ စတင်နေပြီဖြစ်ကာ Land Rover ရဲ့ နာမည်ကျော် Discovery series ကားတွေနဲ့ လှည့်လည်သွားလာကြမှာဖြစ်ပြီး ယနေ့မှာတော့ Namibia နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ကမ္ဘာ့ရှားပါး တိရစ္ဆာန်တွေရှိရာ dense bushland of the Etosha National Park ကို သွားရောက်လည်ပတ်လေ့လာကြမှာပဲ ဖြစ်ပါတယ်။



