တစ်နိုင်ငံလုံး ကားအစီးရေ ၉ သိန်းကျော် မှတ်ပုံတင်ထားရာ ဘယ်မောင်းအမျိူးအစားကားအစီးရေ ၁ သိန်းကျော်သာရှိ

0

Full article

![width=300](/redline/content/images/2017/05/gege-6-300x183.jpg)

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ မော်တော်ကားအစီးရေ ၉ သိန်းကျော် မှတ်ပုံတင်ထားရာ ဘယ်မောင်းအမျိူးအစားယာဉ်မှာ ၁ သိန်းကျော်သာ ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနစာရင်းများအရသိရပါတယ်။ ဘယ်မောင်းကားများတင်သွင်းခွင့်ပြုထားသည့် ခုနှစ်အလိုက် တင်သွင်းမှုပုံစံများမှာ ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇ မိုဒယ် Free permit ဖြင့်တင်သွင်းခြင်းနှင့် ၁၃၅ဝ စီစီအောက် ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ အပ်ကုန်စနစ်ဖြင့် တင်သွင်းခြင်း၊ ခရီးသည်တင်ယာဉ်များ ၂ဝ၁၂မိုဒယ် မှ ၂ဝ၁၇ မိုဒယ် အထိ free permit ဖြင့်တင်သွင်းခြင်း ပုံမှန်လိုင်စင်ဖြင့်လျှောက်ထားခြင်း၊ ခရီးသည်တင် မြို့တွင်းပြေးဆွဲယာဉ် မီနီဘတ်စ် ၊စီးတီးဘတ်စ် ၂ဝဝ၇ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ၊ကုန်တင်ယာဉ်များ ၂ဝ၁၅ မိုဒယ်နှင့် ၂ဝ၁၇ မိုဒယ်အထိဘယ်မောင်းအမျိူးအစားများကိုသာ တင်သွင်းခွင့်ပြုထားလျှက်ရှိပါသည်။ မကြာခင်ထွက်ပေါ်လာမည့် မော်တော်ယာဉ်ဥပဒေတွင် လက်ယာကပ်မောင်းစနစ် ဘယ်မောင်းကားများကိုသာ တင်သွင်းနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်ရာ ဘယ်မောင်းကားအမျိူ းအစား ၁၅၈၂၅၄ စီး ရှိနေပြီး ညာမောင်းအမျိူ းအစား ကားများမှာ ၇သိန်း၇သောင်း ကျော်သာရှိနေကြောင်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author