The Pizza Company မှ သိန်း၅ဝဝတန်ဖိုးရှိ ကံစမ်းမဲအခွင့်အလမ်းများ ပေးအပ်သွားမည်

0

Full article

The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉ဝဝဝ ကျပ်ဖိုး စားသုံးသူတိုင်းအား သိန်း ၅ဝဝ တန်ဖိုးရှိ ကံစမ်းမဲ အခွင့်အလမ်းများ ပေးအပ်သွား မည်ဖြစ်ကြောင်းသိရသည်။

ယင်းကံစမ်းမဲအခွင့်အလမ်းများမှာ Ford Fiesta 2017 Model Brand New ကားသစ်ကြီး အပါအဝင် LG Electronics အမျိုးအစားပေါင်းများစွာ၊ Vietnam Halong Bay Full Package Trip ၄ညအိပ် ၅ ရက်ခရီးစဉ် (၂ ယောက်အတွက်သာ)၊ Karcher အမှတ်တံဆိပ် သန့်ရှင်းရေးသုံးစက်ပစ္စည်းများ (Cleaning Equipment)၊The Pizza Company နှင့် Swensen's Gift Voucher များ တို့ဖြစ်ကြောင်းသိရသည်။

Promotion ကာလကတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ကံထူးသူများ စာရင်းကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်ဖောက်ကြေညာပေးသွားမှာဖြစ်ကြောင်းသိရသည်။

Promotion ကို sponsor အနေဖြင့် ပေးအပ်သည့် လုပ်ငန်းများမှာ Ford၊ LG ၊Karcher နှင့် Teak Travel &Tour တို့ဖြစ်ကြောင်းသိရသည်။

The Pizza Company တွင် Pizza မှာယူလိုပါက ဖုန်းနံပါတ် ဝ၉၉၆၆၆ဝဝ၆ဝဝ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။

Author