



၆၊ မတ်၊ ၂၀၂၀ - ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကားနှင့်ပတ်သက်သူများ အားလုံးအတွက် CarsDB မှကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံမော်တော်ယာဉ်အရောင်းပြပွဲ CarsDB Auto Show Mandalay 2020 ကို Mandalay Convention Centre ၌ မတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၇ ရက်နေ့ နှင့် ၈ ရက်နေ့များတွင်လည်း နံနက် ၁၀:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။






CarsDB Auto Show Mandalay 2020 ဖွင့်ပွဲနှင့်ပတ်သက်၍ CarsDB ၏ C.O.O. ဖြစ်သူ ဦးဝေဖြိုးကျော်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည့်အပြင် ကြည့်ရှုအားပေးမှုများပြုလုပ်သွားခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းအရေးမှူး ဦးမြင့်လွင်တို့နှင့်တကွ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်၊ Automotive Association of Myanmar မှ ဒုဥက္ကဋ္ဌ ဦးခင်ထွန်း၊ AYA Bank မှ Director of Retail Banking ဦး Colin သူရမောင်၊ MG (Morris Garages) မှ C.E.O. ဦးရဲသီဟ တို့နှင့်တကွ CarsDB မှ C.E.O. ဦးဝေယံလင်းတို့အပြင် ပြပွဲသို့ တက်ရောက်အားပေးချီးမြှင့်လျက်ရှိသော လူတစ်ဦးချင်းစီတိုင်းအား အထူးကျေးဇူးတင်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။



CarsDB ၏ Mandalay Auto Show 2020 တွင် Brand New ကားများအဖြစ် BAIC ၊ DFSK ၊ Ford ၊ GAC ၊ Gold AYA ၊ Hyundai ၊ Isuzu ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Mitsubishi ၊ Nissan ၊ Suzuki နှင့် Volvo တို့မှ ကားသစ်များစွာကို ဝင်ရောက်ပြသသွားမည်ဖြစ်ပြီး အဆိုပါက အမှတ်တံဆိပ်များကို စမ်းသပ်မောင်းနှင်လိုပါကလည်း စမ်းသပ်မောင်းနှင်နိုင်ရင် စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် မော်တော်ယာဉ်အပိုပစ္စည်းအရောင်းဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သောဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသော လုပ်ငန်းများလည်း ပါဝင်ပြသွားမည်ဖြစ်ပြီး ပြပွဲသို့ လာရောက်ကြည့်ရှုသူအားလုံးအတွက် မော်တော်ဆိုင်ကယ် သုံးစီး ကံထူးနိုင်ခွင့်အပြင် ကားဝယ်ယူသူများအတွက် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်သည်ဟု သိရသည်။