Nissan Skyline GT-R
(photo credit: wikipedia)
Nissan Skyline GT-R ကားများသည် ဈေးသက်သာသော ကားအမျိုးအစားမဟုတ်သော်လည်း လူကြိုက်အများဆုံး ဂျပန်ကားများထဲတွင် အထင်ရှားဆုံးဟု ဆိုရမည်။ Nissan Skyline GT-R ကားသည် ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော supercar အစစ်ဖြစ်သည်ဟု လူကြိုက်များသော TV show တစ်ခုဖြစ်သည့် Top Gear ၏ ပထမဆုံး season တွင် တင်ဆက်သွားခဲ့သည်။
The Fast and the Furious ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ကားများထဲတွင် ပါဝင်မှုနှင့် Gran Turismo(GT) video games series များထဲတွင် ပါဝင်မှုတို့ကလည်း ကမ္ဘာတစ်ဝှမ်းရှိ ကားဝါသနာရှင်များအကြား ပိုမိုကျော်ကြားစေခဲ့သည်။
Subaru Impreza
(photo credit: wikipedia)
လမ်းကြမ်းမောင်း World Rally ပြိုင်ပွဲများနှင့် ၂ဝဝ၁ ခုနှစ်တွင် Richard Burns မောင်းနှင်သော Subaru Impreza ကားသည် World Rally ပြိုင်ပွဲတွင် ချန်ပီယံရခဲ့ခြင်းတို့ကြောင့် ဤကားသည်ကျော်ကြားလာခဲသည်ဆိုလျှင်လည်း မမှားနိုင်ပါ။ ၁၉၉၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော Impreza အမျိုးအစားကားများသည် ဂျပန်ပြည်တွင်းတွင် လူကြိုက်များသော compact car အဖြစ်လည်း ရပ်တည်လျှက်ရှိသည်။ လည်းကောင်းထက် ပိုကြီးသော Subaru Legacy ကားနှင့် အင်ဂျင်အတူတူသုံးထားသော်လည်း Impreza ကားများမှာ frame ပိုသေးအောင် တည်ဆောက်ထားသည်။
ဤကားသည် သူ၏ ကားအချိုးအစားလှပမှု၊ performance ကောင်းမွန်မှုနှင့် တည်ဆောက်ထားသော အရည်အသွေးကောင်းမွန်မှုတို့ဖြင့် ကမ္ဘာတစ်ဝှမ်း နာမည်ကောင်းရထားသည်။ ယုံကြည်စိတ်ချရသော compact car အမျိုးအစားများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဂျပန်နိုင်ငံထုတ် အအောင်မြင်ဆုံး Rally ကားများထဲတွင်လည်း ထိပ်ဆုံးတွင် ပါဝင်ပါသည်။
Mitsubishi Lancer Evolution
(photo credit: wikipedia)
Mitsubishi ၏ Lancer Evo ကားများသည်လည်း အောင်မြင်သော ဂျပန်နိုင်ငံထုတ် performance ဦးစားပေးကားများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Rally ပြိုင်ပွဲများတွင်ပါ အသုံးပြုသော ကားများဖြစ်သည်။ Lancer Evo ကားများထုတ်လုပ်သည့်နှစ်သည် Subaru Impreza ကားထက် တစ်နှစ်သာစောသည်။ Lancer ကားများသည် ဂျပန်နိုင်ငံမှ ထုတ်လုပ်တင်ပို့သော ကားများအနက် လူသိအများဆုံးထဲမှ တစ်ခုအဖြစ်နှစ်ပေါင်းများစွာ ရပ်တည်လျှက်ရှိသည်။
အကယ်၍သင့်တွင် ထိုကားအမျိုးအစားများ ပိုင်ဆိုင်လျှင်ဖြစ်စေ၊ အခြား သင်ကြိုက်နှစ်သက်သော ကားအမျိုးအစားများရှိလျှင်ဖြစ်စေ အောက်တွင် comment ပေးကာဝင်ရောက်ဆွေးနွေးနိုင်ပါသည်။