ပြီးခဲ့သည့် မတ်လအတွင်း ပြည်ပတင်သွင်းမော်တော်ယာဉ်နှင့် ပြည်တွင်းထုတ် SKD မော်တော်ယာဉ်များ ကနဦး မှတ်ပုံတင်ယာဉ်စာရင်း

0

Full article

၂၀၂၀ ပြည့်နှစ်၊ ပြီးခဲ့သည့် မတ်လအတွင်း ပြည်ပတင်သွင်းမော်တော်ယာဉ် ၂,၄၀၀ ကျော်နှင့် ပြည်တွင်းထုတ် SKD မော်တော်ယာဉ်အစီးရေ ၂,၁၀၀ ကျော် မှတ်ပုံတင်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦး မှတ်ပုံတင်ဌာနထံမှ သိရသည်။


၂၀၂၀ ပြည့်နှစ် မတ်လအတွင်း၌ ပြည်ပတင်သွင်းမော်တော်ယာဉ်အစီးရေ ၂,၄၅၅ စီး ကနဦးမှတ်ပုံတင်ခဲ့ပြီး လူစီးမော်တော်ယာဉ် ၁,၀၇၄ စီး၊ ခရီးသည်တင်မော်တော်ယာဉ် ၁၃၀ စီး၊ ကုန်တင်ဝန်ပေါ့မော်တော်ယာဉ် ၈၈၈ စီး၊ ကုန်တင်ဝန်လေးမော်တော်ယာဉ် ၁၉၉ စီးနှင့် အခြားမော်တော်ယာဉ် ၁၆၄ စီးတို့ ကနဦးမှတ်ပုံတင်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်ရုံးထံမှသိရသည်။ ထို့အပြင် ပြည်တွင်းထုတ် SKD မော်တော်ယာဉ်အစီးရေ ၂,၁၂၉ စီး ကနဦးမှတ်ပုံတင်ခဲ့ပြီး လူစီးမော်တော်ယာဉ် ၁,၉၀၃ စီး၊ ကုန်တင်ဝန်ပေါ့ မော်တော်ယာဉ် ၂၂၆ စီး ကနဦးမှတ်ပုံတင်ခဲ့သည်။ မတ်လအတွင်း မော်တော်ယာဉ်များအပြင် နှစ်ဘီးတပ်ယာဉ်၊ သုံးဘီးတပ်ယာဉ်၊ ထရောလာဂျီ နှင့် စက်ယန္တယား များမှတ်ပုံတင်ရာတွင် ပြည်ပတင်သွင်းယာဉ်စုစုပေါင်း ၇,၀၇၇၀ စီးနှင့် ပြည်တွင်းထုတ် SKD ယာဉ်စုစုပေါင်း အစီးရေ ၃,၅၈၈ စီး မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။


၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ စာရင်းများအရ မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေ ၁,၁၂၀,၉၇၂ စီးရှိနေပြီး လူစီးယာဉ်အရေအတွက်မှာ ၅၇၃,၉၃၉ စီး ရှိကြောင်း ကညန ၏ စာရင်းများအရသိရသည်။

Author