Full article

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဂျပန်နိုင်ငံမှ သင်္ဘောဖြင့် သယ်ဆောင်လာသောကားများ မြန်မာဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ဆိပ်ကမ်းထဲသို့ ရောက်ရှိချိန်တွင် ကား၏ မူလ Original သော့များအပြင် အပိုသော့များပါရှိသော်လည်း ပျောက်ဆုံးမှုများရှိလာကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောသည်။

922039047_ab62cf5aaf

ဂျပန်နိုင်ငံမှကားများ မြန်မာပြည်ဘက်သို့ တင်ပို့ပေးချိန်တွင် ပို့ပေးလိုက်သည့် ပစ္စည်းများ၏ ဓါတ်ပုံကို တစ်ပါထဲ မြန်မာပြည်ကုမ္ပဏီသို့ ပေးပို့ထားပြီး သယ်ယူပို့ဆောင်ပေးသည့် Shipping လိုင်းမှလည်း အာမခံများဖြင့်လုပ်ဆောင်ကြရသဖြင့် ပို့ရသည့် ပစ္စည်းအမျိုးအမည်နှင့်တကွ ပြည့်ဆုံအောင်ပို့ပေးရကြောင်း သိရသည်။

သို့အတွက် ဂျပန်ဘက်မှ ၎င်းသော့များ ပြည့်စုံအောင်ထည့်ပေးလိုက်သကဲ့သို့ သယ်ယူရသည့် Shipping လိုင်းမှလည်း Customer လက်ထဲမှ အခြားCustomer လက်ထဲသို့ ပေးပို့ရသဖြင့် မည်သည့်နေရာတွင်ကွာဟချက်ရှိကြောင်း မေးခွန်းမေးစရာဖြစ်လာသည်ဟု အဆိုပါ ဒါရိုက်တာကပြောသည်။

အထူးသဖြင့် မော်ဒယ်လ်မြင့် သွင်းလာသောကားများ၏ မူလသော့များပျောက်ဆုံးနေပြီး နိုဝင်ဘာလထဲတွင် ဖြစ်ပွားလာကြောင်း သိရသည်။ Original သော့များတွင် ပရိုဂရမ်ဖြင့် ထည့်သွင်းထားသောကြောင့် ထိုမူလသော့အား ပရိုဂရမ်အသစ်ပြန်သွင်းကာ သော့သွေးပါက တစ်သိန်းကျော် နှစ်သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

Auto World Journal မှ ကူးယူဖော်ပြသည်။

Author