ဝန်ထမ်းပါမစ်ကိစ္စရပ်သည် ခေါတ်ဟောင်းမှဓလေ့စရိုက်များကို အသက်သွင်းခြင်းဖြစ်သည်ဟု British Chamber of Myanmar ဥက္ကဋ္ဌ ပြောကြား

0

Full article

ဝန်ထမ်းပါမစ်ကိစ္စရပ်သည် ခေါတ်ဟောင်းမှဓလေ့စရိုက်များကို အသက်သွင်းခြင်းဖြစ်ပြီး၊ ၂၀၁၅ မတိုင်မီအချိန်မူဝါဒများနှင့် ကိုက်ညီမှုရှိနေကာ ၊ နိုင်ငံ့အခွန်များမှာလည်းတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း British Chamber of Myanmar ဥက္ကဋ္ဌ Peter Benyon မှပြောကြားခဲ့သည်။

“လက်ရှိတွင် တစ်နှစ်လျှင် ကားအစီးရေ ၂၅,၀၀၀ ခန့်သာရောင်းချနေရသည့်ဈေးကွက်တစ်ခုတွင် အစီးရေ ၃၄,၀၀၀ ခန့်ကို တင်သွင်းခွင့်ပြုခြင်းသည် မော်တော်ကားဈေးကွက်အပေါ် မည်သို့သက်ရောက်လာမည်ကိုမှန်းဆကြည့်နိုင်ကြောင်း၊ အဆိုပါမူဝါဒကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအတွက် သင့်လျော်သည့်နေရာကောင်းတစ်ခုအဖြစ်တည်ရှိနေသည့် မြန်မာနိုင်ငံအပေါ် ယုံကြည်မှုကျဆင်းစေပါကြောင်း၊ CBU တင်သွင်းခွင့်လုပ်ငန်းစဉ်ကြောင့် ပြည်တွင်းထုတ် SKD ယာဉ်များအပေါ် ဝယ်လိုအားလျော့နည်းစေပြီး ရင်းနှီးမြုပ်နှံမှုတန်ဖိုးများကို ဆုံးရှုံးနစ်နာစေကြောင်း၊ ဤလုပ်ငန်းစဉ်ကြောင့် မှောင်ခိုဈေးကွက်တစ်ရပ်ဖြစ်ပေါ်စေယုံမျှမက လက်ရှိအချိန်အထိ အပြုသဘောဖြင့်တိုးတက်နေသောအခြေအနေအပေါ် ထိခိုက်နစ်နာမှုရှိစေမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မည်ကဲ့သို့ပင် စည်းကမ်းနည်းစနစ်များချမှတ်ထားသည်ဖြစ်စေ လက်တွေ့အခြေအနေတွင် ပြည်သူများအနေဖြင့်ကိုယ်ပိုင်နည်းလမ်းများဖြင့် ဆောင်ရွက်နေမှုများရှိနေပြီဖြစ်ကြောင်း၊ လူမှုကွန်ယက်ပေါ်တွင် ပါမစ်ရောင်းချမှုများ၊ အရောင်းပြခန်းများတွင် အစိုးရဝန်ထမ်းမဟုတ်သူများမှ ပါမစ်စာရွက်ပြသကာ စုံစမ်းမှုများရှိနေပြီဖြစ်ကြောင်း၊ အဆိုပါအခြေအနေသည် ဈေးကွက်ကိုပျက်ပြားစေကြောင်း ၊ ဤစနစ်ကိုကျင့်သုံးပါက နိုင်ငံတော်အတွက်ဆုံးရှုံးရမည့်ဝင်ငွေပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်မည်ဖြစ်ကြောင်း၊ အဓိကပြောချင်သည့်အချက်မှာ အဆိုပါခွင့်ပြုချက်သည် နိုင်ငံဝန်ထမ်းဟူသည့် လူတစ်ဦးတစ်ယောက်ချင်းဆီကို ခွင့်ပြုထားခြင်းဖြစ်သည့်အတွက် ၂၀၁၅ မတိုင်မီက မူဝါဒများနှင့် ကိုက်ညီမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် ခေါတ်ဟောင်းမှ ဓလေ့စရိုက်များကို ပြန်လည်အသက်သွင်းခြင်းဖြစ်ပြီး အနာဂတ်အတွက် ကတိကဝတ်မဟုတ်ကြောင်းနှင့် “လူတစ်စုအတွက်အလုပ်လုပ်သည့်အစိုးရ” အဆင့်ကိုကျော်လွန်အောင် ပြုပြင်ပြောင်းလဲသွားမည်ဟူသည့် ကတိကဝတ်ကို “ လူအများအုပ်ချုပ်သည့်အစိုးရ” ထံမှကြားသိလိုကြောင်း”

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော AAM သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် Automotive Association of Myanmar (AAM) ဥက္ကဋ္ဌ ဦးအောင်ဝင်းမှလည်း လက်ရှိ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ အားဖျက်သိမ်းကာ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ (၂၀၁၉) တွင်ပါဝင်သော မော်တော်ယာဉ်မူဝါဒဆိုင်ရာကြီးကြပ်ရေးကော်တီကို ဖွဲ့စည်းသွားရန် အကြံပြုပြောကြားခဲ့သည်။

Author