နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်ကိစ္စရပ်အား ဆိုင်းငံ့ထားရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ညွှန်ကြားထား

0

Full article

နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်ကိစ္စရပ်အား ဆိုင်းငံ့ထားရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့မူလရည်ရွယ်ချက်ကတော့အထူးသဖြင့် အငြိမ်းစားယူခါနီးဝန်ထမ်းတွေအတွက် အဓိကရည်ရွယ်ပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီမော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ပြီးတော့ လူကြီးတွေပြန်ပြီးသုံးသပ်နေပါတယ်။ ပြီးတော့မှ အသင့်လျော်ဆုံး၊ အဖြစ်သင့်ဆုံးအနေအထားတစ်ခုပေါ့၊ ဒါကိုမသိသေးပါဘူး။ လောလောဆိုင်ပြောနိုင်တာကတော့ ဒီနိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ မော်တော်ယာဉ်တင်သွင်းခွင့်ကို ဆိုင်းငံ့ထားပါတယ်။” ဟု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတအိမ်တော်၊ သတင်းစာရှင်းလင်းခန်းမ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။


ဆက်လက်ပြီး အဆိုပါကိစ္စကို လက်ရှိအစိုးရလက်ထက်တွင် လုံးဝဆက်လက်ဆောင်ရွက်မည် ဟုတ်/ မဟုတ် ဟူသောမေးခွန်းကိုမူ ၎င်းမှ အဆိုပါကိစ္စကို နှုတ်မိန့်ဖြင့်ဆိုင်းငံ့ထားပြီး ပြည်တွင်း SKD များ၊ လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ်ဈေးကွက်၊ နိုင်ငံ့အခွန်များအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားခဲ့သည်။

Author