Audi မော်တော်ယာဉ်အရောင်းပြခန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် စတင်တည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနား

0

Full article

ရန်ကုန်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၉ - မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ဂျာမနီနိုင်ငံ၏ နာမည်ကျော် မော်တော်ယာဉ်အမှတ်တံဆိပ် Audi ၏ အရောင်းပြခန်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်မည့် အဆောက်အဦ Audi Yangon စတင်တည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနားကို အမှတ် (၂)၊ ပြည်လမ်း၊ ခြောက်မိုင်၊ လှိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Audi Yangon သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တရားဝင် Audi အရောင်းကုမ္ပဏီဖြစ်ပြီး Audi ကားသစ်များကို ဝယ်ယူကြမည့်သူအားလုံးအတွက် ပထမသုံးနှစ်တာကာလအတွင်း (ခရီးအကွာအဝေးကန့်သတ်ချက်မရှိ) မော်တော်ယာဉ်ဝန်ဆောင်မှုနှင့်အတူ စက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း အာမခံချက်ပေး၍ ရောင်းချပေးသွားမည်ဟုသိရသည်။

Audi Myanmar ၏ Operations Director ဖြစ်သူ Mr. Antoine Jeanson မှ

“အချက်အချာကျလှတဲ့ ပြည်လမ်းမကြီးပေါ်မှာ Audi Yangon ဟာ မြန်မာနိုင်မှာရှိတဲ့ တိုးတက်လာမယ့် ဖေါက်သည်တွေအတွက် Audi ရဲ့ model သစ် နောက်ဆုံးပေါ်မော်တော်ကားတွေကို တရားဝင်ရောင်းချသွားတော့မှာပါ။ Audi ရဲ့ထိပ်တန်း quattro driving dynamics တွေကိုလည်း လက်တွေ့ အလွယ်တကူစမ်းသပ်နိုင်တော့မှာပါ”

ဟုဆိုသည်။

ကမ္ဘာ့ထိပ်တန်း မော်တော်ယာဉ်ကုမ္ပဏီ Audi သည် ရန်ကုန်မြို့တွင် ၎င်းတို့၏ အရောင်းပြခန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသစ်ကို စတင်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် အရှေ့တောင်အာရှဒေသအတွင်း လုပ်ငန်းများကို ဆက်လက်ချဲ့ထွင်လိုက်ခြင်းဖြစ်၏။ ထို့သို့ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် Automotive Asia (Myanmar) Limited ၏အမည်နာမအောက် အဓိကအစုရှယ်ယာအများစုထည့်ဝင်ထားသော ပြင်သစ်အခြေစိုက် CFAO အဖွဲ့ နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင်းသို့ Audi ကားများ တရားဝင် တင်သွင်းသူ၊ ဖြန့်ချိသူနှင့် ရောင်းချသူဖြစ်လာမည် ဖြစ်သည်။

CFAO နှင့် တွဲဖက်စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားနှစ်ဦးမှ တစ်ဦးဖြစ်သည့် ဦးရဲဘုန်းလှိုင်မှ

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မြန်မြန်ဆန်ဆန်တိုးတက်နေပြီး မြန်မာနိုင်ငံအစိုးရရဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ အရေးကြီးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အရှိန်ရလာတော့မှာဖြစ်တဲ့အတွက် အချိန်ကိုက်ပါပဲ”

ဟု မီးမောင်းထိုးပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ နောက်ထပ်ပူးပေါင်းဆောင်ရွက်သူတစ်ဦးဖြစ်သော ဦးအောင်ဘိုဘိုလင်းမှ

“ဘယ်မောင်းကားသစ်တွေအတွက် ဈေးကွက်မြှင့်တင်ပေးတဲ့ မူဝါဒအသစ်ဟာ Audi ရဲ့ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာရောက်ပါတယ်”

ဟုဆက်လက်ပြောကြားသွားခဲ့သည်။

“တရားဝင် Audi service center ရဲ့တစ်မိုးတည်းအောက်မှာပဲ အားလုံးကရှိနေမှာပါ။ Audi ရဲ့ စစ်မှန်တဲ့ မော်တော်ယာဉ်အပိုပစ္စည်းတွေနဲ့အတူ Audi ရဲ့ မှန်ကန်တဲ့ထိန်းသိမ်းပြုပြင်မှုတွေနဲ့ ကျွန်တော်တို့က ကမ်းလှမ်းမှာဖြစ်ပါတယ်။ ဒါ့အပြင် Ingolstadt (ဂျာမနီနိုင်ငံရှိ Audi ရုံးချုပ်တည်ရှိရာမြို့) မှာရှိတဲ့ Audi AG စနစ်တွေကို အချိန်နဲ့တစ်ပြေးညီရယူခွင့်ရှိတဲ့ Audi ရဲ့လေ့ကျင့်သင်ကြားပြီး ကျွမ်းကျင်သူနည်းပညာရှင်တွေရဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေလည်း ရရှိဦးမှာဖြစ်ပါတယ်”

ဟု Audi Myanmar ရဲ့ Operations Director ဖြစ်သူ Mr. Antoine Jeanson က အလေးထားပြောကြားခဲ့သည်။

CFAO Group - ASIA Country Delegate မှ General Director ဖြစ်သူ Mr. Laurent Genet မှ

“၂၀၀၈ ခုနှစ်မှာ Audi ဗီယက်နမ်၊ ၂၀၁၄ ခုနှစ်မှာ Audi ကမ္ဘောဒီးယား ဆိုပြီးစတင်နိုင်ခဲ့တယ်။ CFAO Group ဟာ Audi ရဲ့ အောင်မြင်တဲ့ စွန့်စားခန်းကြီးကို ၂၀၂၀ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ Audi Yangon ဖွင့်လှစ်ဖို့အတွက် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားနဲ့အတူ ဆက်လက်ဖေါ်ဆောင်မှာပါ”

ဟု အဆုံးသတ်ပြောကြားခဲ့သည်။

Author