ယာဉ်စီးခပိုမိုကောက်ခံနေသော YBS ယာဉ်လုပ်သားများကို ထိရောက်စွာအရေးယူသွားမည်

0

Full article

![](/redline/content/images/2017/04/ybs-300x199.jpg)

ယာဉ်စီးခပိုမိုကောက်ခံနေသော YBS ယာဉ်လိုင်းမှ ယာဉ်လုပ်သားများကို ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲမှသိရပါတယ်။ ယာဉ်စီးခပိုပြီးတောင်းခံနေတာကို ထိထိရောက်ရောက်အရေးယူတာမျိူ းကို လုပ်ဆောင်သွားမှာပါ။ ယာဉ်လိုင်းတစ်လိုင်းကနေ နောက်တစ် လိုင်းကိုလည်းပြောင်းလို့မရအောင် လုပ်ဆောင်မှာပါလို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အထွေထွေအတွင်းရေးမှူးဒေါက်တာသန်းဝင်းကပြောပါတယ်။

ခရီးသည်တင် YBS ယာဉ်များကို ဧပြီလ ၇ ရက်နေ့မှစ၍ ခရီးစဉ်တစ်ပိုင်းလျှင် ၁ဝဝ ကျပ်ဖြင့် ခရီးစဉ်စဆုံး ၂ဝဝ ကျပ်ပြောင်းလဲကောက်ခံရန်နှင့် အဲလ်ကွန်းယာဉ်များနှင့် BRT ယာဉ်များကို ယခင်အတိုင်း ၂ဝဝ ကျပ် ကောက်ခံရန် သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲမှ ယာဉ်လိုင်းအားလုံးကို အသိပေးထားရှိပြီးဖြစ်ရာ ယာဉ်စီးခပိုမိုတောင်းခံခြင်းကို အများဆုံးတိုင်ကြားနေတာရှိနေတယ်လို့သိရပါတယ်။ ယာဉ်စီးခပိုတောင်းလို့ တိုင်ကြားလည်း ဘယ်လိုအရေးယူလိုက်တယ်ဆိုတာမသိရဘူး။ တစ်ကယ်ခံစားနေရတာက ပြည်သူတွေပဲဖြစ်နေတယ်။ ထိထိရောက်ရောက်အရေးယူဆောင်ရွက်မယ်ဆိုင်ရင် စနစ်မရှိတာတွေ ပျောက်သွားမှာပါလို့ သန်လျှင်မြို့နယ်မှနေ့စဉ်လိုင်းကားစီးနေသူ ခရီးသွားပြည် သူကိုဇေယျာဝင်းကပြောပါတယ်။

ခေတ်သစ်

Photo Credit

Author