ပြန်လည်တိုးချဲ့ပြေးဆွဲခဲ့သောရထားစင်းရေများ၏ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်နှင့် ညွှန်ကြားချက်များကို မြန်မာ့မီးရထားမှထုတ်ပြန်

0

Full article

ပြီးခဲ့ရသည့် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်တိုးချဲ့ပြေးဆွဲခဲ့သောရထားစင်းရေများ၏ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်နှင့် ညွှန်ကြားချက်များကို မြန်မာ့မီးရထားမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များအရ မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းအသီးသီးတွင် ပြေးဆွဲနေသော မီးရထားအစင်းရေကို လျှော့ချပြေးဆွဲခဲ့ရာမှ ယခုအခါ ရထားဖြင့် ခရီးသွားသည့် ခရီးသည်ဦးရေ ပြန်လည်များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ၁၆-၆-၂၀၂၀ ရက်နေ့မှစတင်ကာ ရထားအစင်းရေများပြန်လည်တိုးချဲ့ပြေးဆွဲခဲ့သည်။ ထိုသို့ ပြန်လည်တိုးချဲ့ပြေးဆွဲရာတွင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ် (၅) အဆန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး၊ မန္တလေးသို့ နောက်တစ်နေ့နံနက် ၇ နာရီ ၃၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်ပြီး၊ အမှတ် ၆ အစုန်ရထားသည် မန္တလေးမှ ညနေ ၃ နာရီတွင်ထွက်ခွာမည်ဖြစ်ပြီး၊ ရန်ကုန်သို့နောက်တစ်နေ့နံနက် ၇ နာရီ၃၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ ထို့အပြင် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အမှတ် (၅၇) အဆန်ရထားသည် မန္တလေးမှ မနက် ၈ နာရီ ၄၅ မိနစ်ထွက်၊ မြစ်ကြီးနားသို့ နောက်တစ်နေ့နံနက် ၄ နာရီဆိုက်ရောက်၊ အမှတ် (၅၈) အစုန်ရထားသည် မြစ်ကြီးနားမှ ညနေ ၄ နာရီထွက်ခွာ၊ မန္တလေးသို့ နောက်တစ်နေ့မွန်းလွဲ ၁၁ နာရီဆိုက်ရောက်၊ အမှတ် (၄၁) အဆန်ရထားသည် မန္တလေးမှ ညနေ ၅ နာရီ ၃၀ မိနစ်ထွက်ခွာ၊ မြစ်ကြီးနားသို့ နောက်တစ်နေ့ည ၈ နာရီ ၂၅ မိနစ်ဆိုက်ရောက်၊ အမှတ် (၄၁) အစုန်ရထားသည် မြစ်ကြီးနားမှ မနက် ၈ နာရီ ၄၅ မိနစ်ထွက်ခွာ၊ မန္တလေးသို့ နောက်တစ်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်များတွင် အသီးသီးဆိုက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အမှတ် (၈၁) အဆန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ  ၁၅ မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်သို့ နောက်တစ်နေ့ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ၊ အမှတ် (၈၂) အစုန် ရထားသည် မော်လမြိုင်မှ ည ၈ နာရီတွင်ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့ညနေ ၅ နာရီ ၄၅ မိနစ်တွင်ဆိုက်ရောက်မည်ဖြစ်သည်။ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အမှတ် (၇၁) အဆန်ရထားသည် ရန်ကုန်မှ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင်ထွက်ခွာပြီး ပြည်သို့ ည ၈ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး၊ အမှတ် (၇၂) အစုန်ရထားသည် ပြည်မှ ည ၁၀ နာရီ ၃၀ မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ မနက် ၆ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။


ထိုသို့ပြေးဆွဲရာတွင် ခရီးသည်တစ်ဦးအတွက် ထိုင်ခုံ ၂ နေရာစာကို ပုံမှန်ခရီးသည်တစ်ဦးကျသင့်မည့်နှုန်းထားအတိုင်း လက်မှတ်များကိုရောင်းချပေးမည်ဖြစ်ပြီး အထက်တန်းလက်မှတ်ကို ၃ ရက်၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Author