ပျော်ရွှင်စရာ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်တွေနဲ့ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့တဲ့ The Brand New Suzuki ERTIGA Road Show

0

Full article

၁၇.၇.၂ဝ၁၆(တနင်္ဂနွေနေ့) တွင် Suzuki Myanmar Motor မှ Suzuki Ertiga ကားသစ်မိတ်ဆက်ပွဲကို မြန်မာ ပလာဇာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ထိုပွဲသို့ အထူးဧည့်သည်တော်များအဖြစ် အဆိုတော် ချမ်းချမ်းနှင့်အတူ ကိုအရည်ကြိုတို့မှ တက်ရောက်ချီးမြှင့် အားပေးခဲ့ကာ အသစ်ထွက်ရှိလာတဲ့ Ertiga ကားအကြောင်းကိုလည်း ဆွေးနွေးပေးသွားခဲ့ပြီး တေးသံရှင် ချမ်းချမ်းမှ တေးသံသာများဖြင့် ဖျော်ဖြေသွားခဲ့ပါတယ်။Suzuki Ertiga ကားဟာ သုံးတန်း-ခုံခုနှစ်လုံးပါ ဘက်စုံသုံးကားဖြစ်ပြီး ခရီးသွားရာတွင် ပြီးပြည့်စုံသော လုပ်ဆောင်မှုများနှင့် သက်တောင့် သက်သာရှိစေပြီး ဆီစားသက်သာမှု စွမ်းရည်ကိုလည်း တိုးမြှင့်ပေးထားတာကြောင့် မောင်းနှင်ရာတွင် ယုံကြည်မှု အပြည့်အဝရရှိစေပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ယာဉ်လမ်းကြော အခြေအနေနှင့် ကိုက်ညီရန် ဘယ်မောင်းကို ပေါင်းစပ် ဖန်တီးပေးထားပါသည်။

အခြားထူးခြားချက်များကတော့ Push Start ဖြင့် စက်နှို်းရမည်ဖြစ်ပြီး Rear View Camera အတွက် Monitor Screen နှင့် အသံစနစ်အတွက် 2DIN AM/FM + CD + DVD + SD တို့ကိုအသုံးပြုရန် တပ်ဆင်ပေးထားပါသည်။ ပိုမို အဆင်ပြေရန်အတွက် အသံထိန်း စနစ်နှင့် Smartphone အား Bluetooth ချိတ်ဆက်ရရှိနိုင်ရန် စတီယာရင်တွင် ထားရှိပေးထားပါသည်။

ဒါ့အပြင် ၃ နှစ်(ကီလို ၁ သိန်း) အာမခံ ပါဝင်ပြီး ကားအသစ်တစ်စီးကို commercial tax အပါအဝင် ၂ဝ၉ သိန်းသာ ကျသင့်မည်ဖြစ်သောကြောင့် ဝယ်စီးသင့်တဲ့ ကားတစ်စီးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ် ခင်ဗျာ။

Author