မြန်မာ့တစ်နှစ်တာအကောင်းဆုံးကား(Myanmar Cars of the Year 2019) ဆုပေးပွဲ ကျင်းပပြီးစီး

0

Full article

၂၀၁၉ ခုနှစ်အတွက် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲကို ၂၀၁၉ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square အရောင်းမြှင့်တင်ရေးဧရိယာတွင် ကျင်းပခဲ့သည်။


မြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချသော မော်တော်ယာဉ်များအနက် အအောင်မြင်ဆုံးနှင့် အကောင်းဆုံးကားများကို နိုင်ငံတကာမှဆုပေးပွဲများကဲ့သို့ မော်တော်ယာဉ်ဆိုင်ရာ သတင်းစာပညာရှင်များနှင့် ဒိုင်လူကြီးများမှ အကဲဖြတ်ရွေးချယ် အမှတ်ပေးသောပြိုင်ပွဲတစ်ခုဖြစ်ပြီး ယခုနှစ်ပွဲသည် Drive Magazine မှ ဦးစီးကျင်းပသော တတိယအကြိမ်မြောက်ပွဲလည်းဖြစ်သည်။ ကားများကိုရွေးချယ်ဆုပေးရာတွင် စမ်းသပ်မောင်းနှင်မှုများပြုလုပ်ပြီး လှပကျော့ရှင်းသောဒီဇိုင်းအသွင်အပြင်၊ ပြုပြင်ထိန်းသိမ်းရန်လွယ်ကူမှုရှိ/မရှိ၊ ဈေးနှုန်းသင့်တင့်မှုနှင့် အာမခံချက် အစရှိသည့်အချက်များအား ဒိုင်အဖွဲ့မှ လေ့လာသုံးသပ်စစ်ဆေးအကဲဖြတ်ကာ အမှတ်ပေးခဲ့ကြောင်းသိရသည်။ ထို့အပြင် လူအများမှရွေးချယ်သည့် အကောင်းဆုံးကားဆု( People’s Choice) ကိုလည်းထည့်သွင်းပေးထားပြီး မြန်မာတစ်နိုင်ငံလုံးမှ ကားချစ်သူများကို မဲပေးခွင့်၊ရွေးချယ်ခွင့်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားရွေးချယ်ပွဲသို့ ကားကုမ္ပဏီပေါင်း ၁၂ ခုမှ၊ ကားအမျိုးအစား ၄၃ မျိုး ပါဝင်စာရင်းပေးယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။


၂၀၁၉ ခုနှစ်အတွက် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကား
( Myanmar cars of the year) တွင် ဆုရရှိသွားသည့်ကားအမျိုးအစားများမှာ

◾ Best Family Sedan        ဆုကို  Chevrolet Malibu
◾ Best small family SUV ဆုကို   Hyundai Tucson
◾ Best medium- size family SUV ဆုကို KIA Sorento
◾ Best large - size SUV     ဆုကို Nissan Terra
◾ Best Family MPV           ဆုကို Mitsubishi Xpander
◾ Best small car                 ဆုကို GAC GA4
◾ Best City Car                   ဆုကို KIA picanto
◾ Best Premium SUV        ဆုကို Mazda CX-9
◾ Best Luxury SUV            ဆုကို Range Rover Velar
◾ Best Premium MPV/MPC ဆုကို Toyota MAJESTY
◾ Best Pickup                      ဆုကို Ford Ranger Raptor
◾ Best City SUV                  ဆုကို Ford Ecosport,
◾ Jury’s Choice                   ဆုကို Borgward Bx5
◾ People’s Choice               ဆုကို Toyota Camry
◾  Brand of the Year          ဆုကို TOYOTA တို့မှ အသီးသီးရရှိခဲ့ကြသည်။

Author