Full article

ပြင်သစ်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ ဂျာမန် ကားအမှတ်တံဆိပ်နှစ်ခုနှင့် ဂျပန် ကားအမှတ်တံဆိပ်တစ်ခု ပါဝင်နေကြောင်း နိုင်ငံတကာမီဒီယာများက မတ် ၁ဝ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။

World-Car-of-Year-Awards

ပြင်သစ်နိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ကမ္ဘာ့အကောင်းဆုံးကားဆုကို ပေးအပ်လျက်ရှိပြီး World Car of the Year ဆု အပါအဝင် World Performance Car ၊ World Green Car ၊ World Car Design of the Year ဆုများကိုလည်း ပေးအပ်ချီးမြှင့်လျက် ရှိသည်။ ယခုနှစ် World Car of the Year ဆု ဆန်ခါတင် စာရင်းတွင် Audi A3 ၊ BMW 4 Series ၊ Mazda 3 တို့ ပါဝင်နေပြီး ၂ဝ၁၄ ဥ ရောပ အကောင်းဆုံးကားဆုရရှိခဲ့သော Peugeot 308 ၊ BMW i3 ၊ Infiniti Q50၊ Lexus IS ၊ Skoda Octaria တို့မှာ ဆန်ခါတင် သုံးခု ရွေးချယ်ရာတွင် ကျန်ရစ်ခဲ့သည်။ World Green Car ဆု ဆန်ခါတင်စာရင်းတွင် ဂျာမန် အမှတ်တံဆိပ်များဖြစ်သည့် Audi A3 Sportback g-tron ၊ BMW i3 ၊ Infiniti Q50 တို့ ပါဝင်နေပြီး World Performance Car ဆန်ခါတင် စာရင်းတွင် Chevrolet Corvette Stingray ၊ Ferrari 458 ၊ Porsche 911 GT3 ၊ World Car Design ဆု ဆန်ခါတင် စာရင်းတွင် Mercedes Benz C-Class ၊ BMW i3 ၊ Mazda 3 တို့ ပါဝင်လျက်ရှိသည်။ ဆန်ခါတင် စာရင်းကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဂျာနယ်လစ် ၆၉ ဦးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် နယူး ယော့ခ်ကားပြပွဲ၌ ဆုရရှိသော မိုဒယ်များအား ရွေးချယ် မည်ဖြစ်သည်။

Ref ; Automobile

Author