အဆင့်မြင့်ယာဉ်ရောင်းဝယ်ရေးစခန်းကြီးအား ရန်ကုန်မြို့ပြင်၌ ၂၀၂၀ တွင် အကောင်အထည်ဖော်သွားမည်

0

Full article

ရန်ကုန်မြို့တွင်းရှိယာဉ်ရောင်းဝယ်ရေးစခန်းများကို ရန်ကုန်မြို့ပြင်၌ တစ်နေရာတည်းတွင်စုဝေးထားသည့် အဆင့်မြင့်ယာဉ်ရောင်းဝယ်ရေးစခန်းကြီးအား လာမည့် ၂၀၂၀ ခုနှစ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ထံမှသိရသည်။


“ တစ်ပိုင်တစ်နိုင်ယာဉ်ရောင်းဝယ်ရေးသမားတွေအတွက် အဆင့်မြင့်ယာဉ်ရောင်းဝယ်ရေးစခန်းတစ်ခုကို လာမယ့် ၂၀၂၀ မှာ စတင်အကောင်အထည်ဖော်သွားမှာပါ။ မြေနေရာလည်းရပြီးပါပြီ။ ၁၈ ဧက ရပါတယ်။ ဒါပေမယ့်နေရာကျဉ်းတဲ့အတွက် ထပ်မံတင်ပြထားပါတယ်။ ဒါကြီးပြီးသွားရင် ကားတွေကို ရန်ကုန်မြို့ပြင်မှာပဲ ရောင်းမယ်ဝယ်မယ်။ တစ်ခြားနယ်ကနေ ကားလာဝယ်တဲ့သူတွေအနေနဲ့လည်း ရန်ကုန်မြို့တွင်းကို ဝင်စရာမလိုတော့ပါဘူး။ အဲဒီမှာ ဘဏ်တွေရှိမယ်၊ ညအိပ်လို့ရမယ့် နားခိုဆောင်တွေပါမယ်၊ ဆီဆိုင်တွေရှိမယ်၊ service center တွေရှိမယ်။ နောက်ဆုံး ကားအလှဆင်ပစ္စည်းရောင်းချတဲ့ဆိုင်တွေပါရှိမှာပါ။ ကားလည်းညသိပ်လို့ရမယ်၊ လူလည်းညအိပ်လို့ရမယ်။ မကြာခင်မှာ အသေးစိတ်ကို သတင်းထုတ်ပြန်ပေးသွားမှာပါ”

ဟု ၂၀၁၉ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ၏ သတင်းစာရှင်းလင်းပွဲတွင် အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်း မှပြောကြားခဲ့သည်။


ရန်ကုန်မြို့တွင်း၌ လက်တလောတွင် မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းပေါင်း ၃၃ ခုရှိသည့်အနက် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း၊ သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်း၊ သံသုမာ ယာဉ်ရောင်းဝယ်ရေးစခန်းတို့သာ တရားဝင်ယာဉ်ရောင်းဝယ်ရေးစခန်းများဖြစ်ကြောင်းသိရသည်။

Author