သန်လျင်တံတား အမှတ် (၃) ကိုစတင်ဆောက်လုပ်ရန်အတွက် မူလလမ်းဟောင်းကို ပိတ်သိမ်းထားမှာဖြစ်သောကြောင့် လမ်းဘေး ဝဲ/ယာ နှစ်ဘက်မှာ ဖောက်လုပ်ထားတဲ့ လမ်းသစ်များအတိုင်းသွားလာကြပါရန် ပန်ကြားထား

0

Full article

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃) တည်ဆောက်ရေးလုပ်ငန်းတွေကို ၂ဝ၁၉ မေလ ၁၃ ရက်နေ့ (ယနေ့) မှာ စတင်တော့မှာဖြစ်ပါတယ်။ သန်လျင်တံတားချဉ်းကပ်လမ်း (သာကေတဘက်အခြမ်း) မှာတော့ သာကေတအဝိုင်းအနီး ၁ဝ၈ တောင်ဘုရားအရှေ့ကနေ ရှုခင်းသာမြို့ပတ်လမ်းအထိ မူလလမ်းဟောင်းကိုပိတ်သိမ်းထားမှာဖြစ်လို့ လမ်းအသုံးပြုမယ့်သူတွေဟာ လမ်းဘေး ဝဲ/ယာနှစ်ဘက်မှာဖောက်လုပ်ထားတဲ့ လမ်းသစ်တွေအတိုင်း သွားလာကြပါဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့၊ တံတားဦးစီးဌာနကနေ အသိပေးပန်ကြားထားတာ တွေ့ရပါတယ်။

သန်လျင်တံတားအမှတ် (၃) ဟာ သန်လျင်တံတားအမှတ် (၁) ရဲ့အောက်ဘက် (၁၂၅) မီတာအကွာ၊ သန်လျင်မြို့နဲ့သာကေတမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်သွားမှာဖြစ်ပြီး ပင်မတံတားအရှည်ကတော့ ၁၂၂၄ မီတာရှိမှာဖြစ်ပြီး သန်လျင်ဘက်အခြမ်းမှာဆိုရင် ချဉ်းကပ်တံတားအရှည် ၄ဝ၄ မီတာ၊ သာကေတဘက်အခြမ်းမှာတော့ ချဉ်းကပ်တံတားအရှည် ၃ဝဝ မီတာ၊ စုစုပေါင်းတံတားအရှည် ၁၉၂၈ မီတာအထိ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ တံတားကိုယ်ထည်ကို steel box girder ဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး တံတားအုတ်မြစ်ကိုတော့ steel pipe sheet pile နဲ့တည်ဆောက်သွားမှာပါ။ တံတားရဲ့ ယာဉ်တစ်စီးချင်း ခံနိုင်ဝန်ကို ၇၅ တန် အဖြစ်သတ်မှတ်သွားမယ်လို့လည်း သိရပါတယ်။

သန်လျင်တံတားအမှတ်(၃) ကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ပူးပေါင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။

Zing

Author