Full article

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နှင့် သံလွင်မြစ် ခြားနေသော ဘီလူးကျွန်းအား လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် မြစ် ကူးတံတားတစ်စင်း တည်ဆောက်၍ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း 'မွန်ပြည်နယ်အစိုးရအဖွဲ့'မှ သတင်း ရရှိသည်။

Bridge

အဆိုပါ မြစ်ကူးတံတား တည်ဆောက်ခြင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော် ဘတ်ဂျက်အသုံးပြု၍ တည်ဆောက်မည်ဖြစ်ပြီး ဘီလူးကျွန်းမှ မော်လမြိုင်မြို့ ကမ်းနားလမ်းသို့ ဆက်သွယ်ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ "တံတား ဆောက်လုပ်ဖို့အတွက် မြေနေရာ ရွေးချယ်နေပါတယ်၊ တံတားအရှည်၊ ဆောက်လုပ်မယ့် တံတားဒီဇိုင်းနဲ့ ဘယ်တော့ စတင်ဆောက်လုပ်မယ်ဆို တာတော့ မသိရသေးပါဘူး၊ အခုမှ ပြင်ဆင်နေတုန်းမို့ပါ၊ အဓိကကတော့ ဘီလူးကျွန်းကို သွားလာဆက်သွယ်ရေး အဆင်ပြေစေဖို့နဲ့ ခရီးသွား ဆွဲဆောင်မှုနေရာ တစ်နေရာအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားချင်လို့ ဖြစ်ပါတယ်"ဟု မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက် တာမင်းနွယ်စိုးက ပြောသည်။ ဘီလူးကျွန်းပေါ်၌ ယခင်က ရွာပေါင်း ၆၄ ရွာရှိပြီး ယခုနောက်ပိုင်း ထပ်တိုးသည့်ရွာများကို စာရင်းကောက်ယူမှုများ ဆောင်ရွက်မည် ဖြစ် ကြောင်း သိရသည်။ ဘီလူးကျွန်းမှာ သဘာဝရှုခင်းများဖြင့် လှပသောကြောင့် မော်လမြိုင်မြို့သို့ လာရောက်သည့် ခရီးသွား အချို့သွားရောက် လည်ပတ်မှုရှိပြီး ကျွန်းပေါ် သို့သွားရောက်ရန် ရေလမ်းခရီးတစ်ခုသာ အားထားနေရကာ ရွာများ၌ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။

Ref: Automobile

Author