နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Thailand International Motor Expo ကို ဒီနှစ်မှာလဲ 32 ကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Forum မှာ ကျင်းပခဲ့ပါတယ်.။ နိုင်ငံပေါင်း 11 နိုင်ငံမှ ကမ္ဘာကျော် ကားအမှတ်တံဆိပ်များဖြစ်တဲ့ Toyota, Nissan, Lexus, Honda, Suzuki, Mazda, Lamborghini, Subaru, BMW, Mercedes-Benz, Porsche, McLaren, Hyundai, Chevrolet, Jaguar, Land Rover, Ford, Mini, MG နှင့် Volkswagen တို့အပြင် မော်တော်ဆိုင်ကယ် ကုမ္ပဏီများဖြစ်ကြသော Harley Davidson, Yamaha, Kawasaki အစရှိတဲ့ အမှတ်တံဆိပ်ပေါင်း (၃၃) ခုအထိ လာရောက်ပြသကြတာကို တွေ့ရပါတယ်.။ ဒီပွဲကြီးမှာ Concept ကား အသစ် (၄) မျိုး နဲ့ ကားမော်ဒယ်သစ် (၁ဝ) မျိုးကိုလဲ မိတ်ဆက်ပြသခဲ့တာကို တွေ့ရပါတယ်.။
Honda ရဲ့ ကားမော်ဒယ်အသစ်ဖြစ်တဲ့ CR-V SUV ကားနဲ့ HR-V Crossover တို့ရဲ့ နာမည်ဆင်တူ မွေးချင်းအဖြစ် BR-V ကို ပွဲထုတ်မိတ်ဆက်ခဲ့တာကိုတွေ့ရပါတယ်.။ BR-V ဟာ Mobilio နဲ့ ဒီဇိုင်းပိုင်း ပိုမိုဆင်တူပြီး ပိုမိုကြီးမားတဲ့ ကိုယ်ထည်ရှိပါတယ်.။
Hyundai ရဲ့ ကားမော်ဒယ်သစ်ဖြစ်တဲ့ HED-9 ဟာ ဂျာမန်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Handel Motor နဲ့ ဒီဇိုင်းပိုင်း ပူးပေါင်းထုတ်လုပ်ထားတဲ့ ကားတစ်စီးဖြစ်ပြီး Hydrogen Fuel Cell ကို အသုံးပြုထားတဲ့ လျှပ်စစ်ကား အမျိုးအစားဖြစ်ပါတယ်.။ ဒီကားရဲ့ ထူးခြားချက်ကတော့ မိနစ်အနည်းငယ် အားသွင်းရုံနဲ့ အားပြန်ပြည့်နိုင်စွမ်းရှိပြီး ကီလိုမီတာ ၆ဝဝ ကျော် မောင်းနှင်နိုင်စွမ်းရှိပါတယ်.။
MG ကုမ္ပဏီရဲ့ CS မော်ဒယ်သစ်ဟာ ဗြိတိန်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး ရောင်းချမယ့် မော်ဒယ်ဖြစ်ပါတယ်.။ ပြိုင်ကားဆန်တဲ့ ဒီဇိုင်းနဲ့ ထူးခြားတဲ့ အသွင်သဏ္ဍန်ရှိပြီး ကားရဲ့ ရှေ့မီး၊ နောက်မီးများဟာ ဗြိတိန်နိုင်ငံ၊ သိန်းမြစ်ကမ်းမှာရှိတဲ့ The Shard of Glass အဆောက်အအုံကို အတုယူပြီး ဖန်တီးထားတာဖြစ်ပါတယ်.။
**SUBARU Viziv 2 Concept**
SUBARU ကုမ္ပဏီရဲ့ Viziv 2 Concept ကားဟာ တံခါး (၅) ပေါက် Cross Over SUV ကားတစ်စီးဖြစ်ပြီး အားသွင်းနိုင်တဲ့ လျှပ်စစ်မော်တာပါဝင်တဲ့ Hybrid အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။ 1.6 li DIT အင်ဂျင် တပ်ဆင်ပါဝင်တဲ့ ဒီကားဟာ AWD ခေါ် လေးဘီးယက် အမျိုးအစားကားတစ်စီးဖြစ်ပြီး ဒီဇိုင်းပိုင်း ထူးခြားတဲ့ ကားတစ်စီးပဲဖြစ်ပါတယ်.။
တိုယိုတာရဲ့ ပြိုင်ကားအမျိုးအစားကားတစ်စီးဖြစ်တဲ့ GT-86 ကားရဲ့ အမိုးဖွင့်နိုင်တဲ့ ဗားရှင်း FT-86 ဟာ 2.0 liter ဂီယာ (၆) ချက်ထိုး Manual အမျိုးအစားဖြစ်ပြီး Auto Gear (၆) ဆင့်နဲ့လဲ မောင်းနှင်နိုင်ပါတယ်.။ ဒီဇိုင်းပိုင်းမှာဆိုရင် Coupe ဒီဇိုင်းပဲဖြစ်ပြီး ၂ ယောက်စီး အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။
Toyota ကုမ္ပဏီမှ ပြသမှုများ
Honda BR-V

Hyundai HED-9

MG CS

Toyota FT-86 Open Concept
တိုယိုတာရဲ့ ပြိုင်ကားအမျိုးအစားကားတစ်စီးဖြစ်တဲ့ GT-86 ကားရဲ့ အမိုးဖွင့်နိုင်တဲ့ ဗားရှင်း FT-86 ဟာ 2.0 liter ဂီယာ (၆) ချက်ထိုး Manual အမျိုးအစားဖြစ်ပြီး Auto Gear (၆) ဆင့်နဲ့လဲ မောင်းနှင်နိုင်ပါတယ်.။ ဒီဇိုင်းပိုင်းမှာဆိုရင် Coupe ဒီဇိုင်းပဲဖြစ်ပြီး ၂ ယောက်စီး အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။
Toyota ကုမ္ပဏီမှ ပြသမှုများ
Mercedes-Benz မှ ပြသမှုများ
MINI ကုမ္ပဏီမှ ပြသမှုများ
BMW ကုမ္ပဏီမှ ပြသမှုများ
McLaren ကုမ္ပဏီမှ ပြသမှု
Honda ကုမ္ပဏီမှ ပြသမှု
(ပုံများထပ်မံထည့်သွင်းပေးသွားပါဦးမည်)