ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည့် Yangon Water Bus သင်္ဘော ၃ စီး နိုဝင်ဘာလတွင် စတင် ပြေးဆွဲပေးမည်

0

Full article

![](/redline/content/images/2017/10/water-bus-news.jpg)

ရန်ကုန်မြစ်တွင်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း Yangon Water Bus အတွက် ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော လူဦးရေ ၆ဝ ဆန့် သင်္ဘော ၃ စီးကို နိုဝင်ဘာလတွင် စတင်၍ ထည့်သွင်းပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း တင့်တင့် မြန်မာကုမ္ပဏီက သိရပါသည်။
ယခုရောက်ရှိလာသည့် ထိုင်းနိုင်ငံမှ သင်္ဘော ၃ စီးကို လက်ရှိပြေးဆွဲလျှက်ရှိနေသည် အင်းစိန်-ဗိုလ်တထောင် ခရီးစဉ်များအတိုင်း ပြေးဆွဲပေးမည်ဖြစ်သည်ဟု သိရသည်။

"water bus ကို ထိုင်းက ရောက်လာတဲ့ သင်္ဘော ၃ စီးနဲ့ နိုဝင်ဘာလ ကစပြီး တိုးချဲ့ ပြေးဆွဲပေးမယ်။ ခရီးသည်ဦးရေ ၆ဝ အထိ ဆန့်တဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။ သင်္ဘောတွေက ထိုင်းနိုင်ငံ မှာ ထုတ်တာဖြစ်ပါတယ်။"ဟု တင့်တင့် မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
လက်ရှိတွင် Yangon Water Bus တွေကို အောက်တိုဘာလ ၆ ရက်တွင် ဖွင့်ပွဲပြုလုပ်၍ အောက်တိုဘာ ၇ ရက် တွင် သင်္ဘောအစီးရေ ၅စီးဖြင့် ဗိုလ်တစ်ထောင်နှင့် အင်းစိန် အောင်ဇေယျတံတားအောက်အထိ (ဗိုလ်တထောင်၊လမ်းသစ်၊ကြည့်မြင့်နိုင်၊ ရွှေပ တောက်၊ ဘုရင့်နောင် ၊အင်းစိန်မှတ်တိုင်များ) ခရီးသည်တစ်ဦးလျင် ၃ဝဝ ကျပ်ဖြင့်ပြေးဆွဲ ပေးလျှက်ရှိကြောင်းသိရသည်။

Author