ထိုင်း custom မှ နယ်စပ်တွင် ကားသိုလှောင်ထားခြင်းကို နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းရန် သတ်မှတ်

0

Full article

Zawgyi ထိုင်း custom မှ နယ်စပ်တွင် ကားသိုလှောင်ထားခြင်းကို နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး ရွှေ့ပြောင်းရန် သတ်မှတ်ထားတယ်ဟု နယ်စပ်တွင် ကားတင်သွင်းနေသူများ၏ ပြောကြားချက်အရ သိရသည်။နယ်စပ်ကနေ ကားတင်သွင်းခြင်းကို ၂ဝ၁၈ တွင် ထိုင်းနိုင်ငံထုတ် တစ်တန်အောက်( CO) Country Original ဖြစ်သည့် ကားများကိုသာ တင်သွင်းခွင့်ပေးမှာ ဖြစ်ပြီး ထိုင်းနိုင်ငံထုတ် ကားများမှလွဲ၍ အခြားနိုင်ငံမှ တစ်ဆင့်တင်သွင်း သောကားများကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

"ထိုင်းcustom က မဲဆောက်မှာရှိတဲ့ ဂိုဒေါင်တွေမှာ ကားသိုလှောင်ထားတာတွေကို အောက်တိုဘာ ၁၃ ရက်မှာ အပြီးရွှေ့ဖို့ စာထုတ်ထားပါတယ်။ နောက်ပိုင်း ထိုင်းနိုင်ငံထုတ်ကားတွေပဲ တင်သွင်းခွင့်ပေးတော့မှာဖြစ်လို့ ပါလို့ ပြောပါတယ်။"ဟု မြဝတီနယ်စပ်က ကားတင်သွင်းနေသူတစ်ဦးဖြစ်သူ ဦးရန်နောင်က ပြောကြားသည်။

ထိုင်းနိုင်ငံနယ်စပ်က ကားသိုလှောင်ထားမှုများမှာ Hijet, delivery van ကားများကို အများဆုံး တင်သွင်းထားရှိပြီး အောက်တိုဘာလတွင် အပြီး ရွှေ့ပြောင်းထားရန် သတ်မှတ်ထားကြောင်း သိရပါသည်။

နယ်စပ်ဒေသကနေတဆင့် ကားတင်သွင်းခြင်းကို လုပ်ငန်းသုံးကားများကိုသာ ကုမ္ပဏီတစ်ခုလျှင် တစ်လတစ်စီးနှုန်းဖြင့် လိုင်စင်ခွင့်ပြုတင်သွင်းခွင့် ပေးထားလျှက်ရှိကြောင်း သိရပါသည်။

Author