SUV Model X ကြောင့် Tesla ဟာ crossover SUV ကားဈေးကွက်အတွင်း ဝေစုခွဲဝေရရှိလာမှာဖြစ်ပြီး ကုမ္ပဏီရဲ့ Flagship Product ဖြစ်တဲ့ Model S ဟာ ထုတ်လုပ်ရောင်းချလို့ မလောက်အောင်ကို အောင်မြင်နေခဲ့ပါတယ်.။ ကုမ္ပဏီရဲ့ Founder ဖြစ်တဲ့ Elon Musk ရဲ့အလိုအရ ကုမ္ပဏီဟာ ပိုမိုကြီးမားတဲ့ ဈေးကွက်အတွင်း ဝင်ရောက်ဖို့ လိုအပ်နေခဲ့ပြီး Model X SUV ကြောင့် အမျိုးသားတွေသာမက အမျိုးသမီးတွေကိုပါ စွဲဆောင်နိုင်မယ်လို့ Elon Musk က ခန့်မှန်းထားပါတယ်.။
စစ်တမ်းတွေအရ 2014 ခုနှစ်အတွင်း အမေရိကားမှာ ရောင်းချခဲ့ရတဲ့ ကားအားလုံးရဲ့ 40% ဟာ အမျိုးသမီးတွေ ဝယ်ယူအားပေးခဲ့တာဖြစ်ပါတယ်.။ Crossover SUV လိုင်းမှာဆိုရင် အမျိုးသမီးတွေရဲ့ ဝယ်ယူမှုဟာ 50% နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်.။ အသစ်ထုတ်လုပ်မယ့် Model X SUV ကို ကြိုတင်မှာယူမှုတွေရဲ့ တစ်ဝက်လောက်ဟာလဲ အမျိုးသမီးတွေပဲဖြစ်ပါတယ်.။
Lamborghini က ထုတ်လုပ်မယ့် SUV ကားအကြောင်း ဖတ်ရန်
Tesla ရဲ့ Model X ရောင်းဈေးဟာ $50,000 နဲ့ $70,000 ကြား ရှိမှာဖြစ်ပြီး SUV ဈေးကွက်ရဲ့ ဖွံ့ဖြိုးမှုကို သတိပြုမိနေပြီဖြစ်တဲ့ Jaguar, Bentley, Rolls-Royce စတဲ့ ကုမ္ပဏီတွေအပြင် Lamborghini ကားကုမ္ပဏီကပါ SUV ကားတွေ ထုတ်လုပ်လာတဲ့အချိန်မှာ Tesla ရဲ့ လျှပ်စစ် SUV ကားတွေ ဈေးကွက်အတွင်း အောင်မြင်မှု ရမရ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.။