Full article

Tesla Model S P85D အတွက် ယခင်က Insane Mode လို့ခေါ်တဲ့ 0 – 60 မိုင်ကို 3.1 စက္ကန့်အတွင်း ရောက်ရှိနိုင်တဲ့ Mode ကို Upgrade လုပ်နိုင်ခဲ့ပါတယ်.။

ယခုအခါမှာတော့ Tesla ဟာ Model S အတွက် ပိုမိုလျှင်မြန်တဲ့ "Ludicrous Mode" ကို ကြေညာလိုက်ပါပြီ.။ ယခုကြေညာလိုက်တဲ့ Mode အသစ်မှာတော့ 0 – 60 မိုင်ကို 2.8 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။ Tesla ရဲ့ CEO ဖြစ်သူ Elon Mask ရဲ့အဆိုအရ ဒီအမြန်နှုန်းဟာ ကောင်းကင်ပေါ်က မြေပြင်ပေါ်ကို ပြုတ်ကျတာထက် ပိုမိုလျှင်မြန်ပြီး သင့်ကိုယ်ပိုင် Roller Coaster တစ်စီး ရရှိထားသလိုပါပဲလို့ ဆိုပါတယ်.။

ဒီ upgrade ကိုထုတ်ပေးရာမှာ Model S ပိုင်ရှင်များအနေနဲ့ အပိုထပ်ဆောင်းငွေ ပေးသွင်းရမှာဖြစ်ပါတယ်.။ ဘာကြောင့်လဲဆိုတော့ ဒီ upgrade ဟာ Software ပိုင်းပြင်ဆင်ခြင်းမဟုတ်ဘဲ Tesla ရဲ့ အသစ်ထုတ်လုပ်ထားတဲ့ hardware တစ်ခု ထပ်မံတပ်ဆင်ပေးဖို့ လိုအပ်လို့ဖြစ်ပါတယ်.။

Model S ကို အသစ်ဝယ်ယူမယ့်သူများအတွက် ထပ်မံတပ်ဆင်က $10,000 ကျသင့်မှာဖြစ်ပြီး ယခုလောလောဆယ် ဝယ်ယူထားပြီးသား Model S ပိုင်ရှင်များအတွက် $5,000 ထပ်မံပေးသွင်းရမှာဖြစ်ပါတယ်.။

Ref: http://techcrunch.com/

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author