Full article

Tesla ဟာ $35,000 တန် လျှပ်စစ်ကားထွက်ရှိလာတော့မယ်လို့ ပြောလာတာလည်း အချိန်တွေကြာခဲ့ပါပြီ။ ဒီနေ့ထုတ်တဲ့ ကြော်ငြာချက်မှာတော့ ကားဝါသနာရှင်တွေအနေနဲ့ မတ်လ ၃၁ရက်နေ့ ဆိုလျှင် Model 3 ကိုစတင်တွေ့မြင်ရတော့မယ်ဖြစ်ပြီး ၂ဝ၁၇ နှစ်ကုန်ပိုင်းတွင်တော့ ဈေးကွက်ထဲကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ရောင်းချနေတဲ့ X SUV ကို addition ပြုလုပ်ပေးထားတာဖြစ်ပြီး $35,000 ဈေးလောက်နဲ့ပဲဈေးကွက်ထဲ အရောက်ဖြန့်ပေးဖို့ လောလောလတ်လတ် အတည်ပြုပေးထားပါတယ်။

ထုတ်လုပ်မှုပိုင်းဟာတစ်ကယ်တော့ ဈေးမပေါလှပါဘူး။ Tesla ဟာ $320 မီလီယံ ရဲ့ သုံးဆနီးနီးလောက် ရှုံးနေပေမယ့် Elon Musk ပြောတာကတော့ အကောင်းဘက်ကတွေးရင် ကုမ္မဏီအနေနဲ့ နောက်လမှစတင်ပြီး အမြတ်ငွေတွေ တစ်ဖွဲဝင်ဖို့ရှိနေပြီး Model S ကလည်း US မှာ အရောင်းရဆုံးစာရင်းအဖြစ် ဝင်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ Tesla အနေနဲ့ ဝန်ဆောင်မှုဌာနနှင့် အရောင်းစင်တာပေါင်း ၈ဝ လောက်ကိုထပ်မံဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။

Elon Musk ပြောကြားချက်အရတော့ Model 3 ဟာ ထုတ်လုပ်ရေးပိုင်းတွင် လွယ်ကူအောင်ပြုလုပ်ပေးထားပြီး Model S ထက်လည်း အံ့သြစရာကောင်းလောက်အောင် ပေါ့ပါးလှပါတယ်။ ပထမဦးဆုံးအသုတ် ရောင်းချရာတဲ့ကားတွေဟာ ရွေးချယ်စရာစုံလင်လှတဲ့ အမျိုးအစားမျိုးစုံနဲ့ ကားဖြစ်တာကြောင့် မော်ဒယ်တွေအများကြီးကို အခြေခံတဲ့ကားတွေကို မြင်ရဖို့ မမျှော်လင့်ဖို့နဲ့ Model X စတင်မိတ်ဆက်စဉ်က ပြဿနာတစ်ခုဖြစ်တဲ့ လူအများအထင်လွဲသွားတဲ့ အဆင့်မြင့်ဇိမ်ခံကား series ရဲ့ SUV အောက်ထစ်ဈေးနှုန်း ပြဿနာကိုမမေ့ပါနဲ့။ သူ့အနေနဲ့ နောက်လမှာ ပြသမယ့် ကားအသစ်တွေရဲ့ ဈေးနှုန်းတွေအတွက် ဆုံးဖြတ်ချက်မချရသေးပါဘူး။ ဒါကြောင့် စောင့်ကြည့်ဖို့ပဲရှိပါတော့မယ်။

engadget.com မှ ဘာသာပြန်ဖော်ပြထားပါသည်။

Photo by Paul Sancya

Author