Tesla တရုတ်နိုင်ငံတွင် စက်ရုံတည်ဆောက်ခွင့် သဘောတူညီချက် ရရှိပြီ

0

Full article

Photograph by Justin Chin — Bloomberg via Getty Images

Zawgyi Tesla သည် ကမ္ဘာအကြီးမားဆုံးဈေးကွက်တွင် ကားထုတ်လုပ် သူများအား အလားအလာရှိသော အခွင့်အလမ်းကောင်းများကို ပေးအပ်နေသည့် ရှန်ဟိုင်းမြို့၏ လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် လျှပ်စစ်ကားများကို တပ်ဆင်ထုတ်လုပ်ရန် တရုတ်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ညှိနှိုင်းမှုအသေးစိတ်ကို ပြုလုပ်နေဆဲသာဖြစ်ကြောင်း Wall Street Journal က တနင်္ဂနွေနေ့မနက်တွင် ရေးသားဖော်ပြခဲ့သည်။ သို့သော် ယင်းသည် နိုင်ငံတကာမှ ကားထုတ်လုပ်သူများအတွက် ပထမဦးဆုံးသော ညှိနှိုင်းမှုမျိုးဖြစ်ပြီး တရုတ် ပြည်၌ Teslas ကားများရောင်းချရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ်ကို များစွာ လျော့ချဖြတ် တောက်သွားနိုင်မည်ဖြစ်သည်။

ညှိနှိုင်းမှုတွင် တီတွင်ဆန်းသစ်မှုရှိသော နိုင်ငံတကာ ကုမ္ပဏီများ အရောင်းပြခန်း လာရောက် ထူထောင်ခြင်းကို ဟန့်တားနိုင်သည့် နည်းပညာဝေမျှခြင်းဆိုင်ရာ သဘောတူညီချက်အမျိုးအစားမှာတော့ ပါဝင်ခြင်းမရှိဟု မျှော်လင့်ရသည်။Tesla သည် တရုတ်စက်ရုံများကို ဝယ်ယူဖို့ နှစ်ပေါက်အောင် ကြိုးစားဆောင်ရွက်ခဲ့ ပြီး ရှန်ဟိုင်းသဘောတူညီမှုကို ဇွန်လတွင် စတင်ကာ အလေးထားလုပ်ဆောင် လာ ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် Tesla က ၂ဝ၁၆ တွင် တရုတ် နိုင်ငံ၌ ကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကားများကို ရောင်းချခြင်းနှင့် တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်း ကြီးဖြစ်သော Tencent Holdings ထံကနေ ရင်းနှီးမြုပ်နှံမှုများစွာကို လက်ခံခဲ့ခြင်း အစရှိသည့် ထုတ်ပြန်ကြေညာမှုများထွက်ပေါ်လာပြီးနောက်ပိုင်းမှဖြစ်သည်။
သို့သော် တရုတ်ပြည်တွင် Tesla ၏ ဖြစ်ထွန်းတိုးတက်တက်မှုများသည် ကြီးစွာသော အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပါသည်။ Tesla သည် အမေရိကန်နိုင်ငံထက် တရုတ် နိုင်ငံတွင် ၅ဝ ရာခိုင်နှုန်းလောက်ပို၍ ၎င်း၏ ကားများကို ရောင်းချလျက်ရှိသည်။ ရှန် ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် စက်ရုံတည်ဆောက်ခြင်းဖြင့် အလုပ် သမားနှင့် လမ်းပန်းဆက်သွယ်ရေးကုန်ကျစာရိတ်များ လျော့ကျသွားလိမ့်မည်ဖြစ် သည်။ (သို့သော်ငြားလည်း လမ်းပမ်းဆက်သွယ်ရေး ကုန်ကျစာရိတ်သည် ယေဘူယျ အားဖြင့် ကုန်စည် စုစုပေါင်းကုန်ကျစာရိတ်၏ အလွန်သေးငယ်သော အစိတ်အပိုင်း သာရှိပါသည်။) Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk က တရုတ်ပြည်ရှိ စက်ရုံသည် ယင်းနိုင်ငံတွင်း ကားရောင်းချရာ၌ ဈေးနှုန်းကို လေးပုံသုံးပုံအထိ လျော့ချနိုင်သည်ဟု ၂ဝ၁၅ တုန်းက ပြောကြားခဲ့ဖူးသည်။

သို့သော် Wall Street Journal ကတော့ စက်ရုံအသစ်ညှိနှိုင်းသဘောတူညီမှု အောက်တွင် ကားများကို တပ်ဆင်ထုတ်လုပ်ခြင်းအား သွင်းကုန်များအဖြစ် သတ် မှတ်ထားဆဲဖြစ်ပြီး သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းပေးဆောင်ရဖွယ်ရှိသည်ဟု ဆို သည်။ ယခင်က နိုင်ငံတကာ ကားထုတ်လုပ်သူများသည် ပြည်တွင်းကားထုတ်လုပ် သူများ (နည်းပညာမျှဝေခြင်း ပြဌာန်းချက်များ ရံဖန်ရံခါ ပါဝင်သည့်) နှင့်အတူ ပူးတွဲ ဆောင်ရွက်ခြင်းဖြင့်သာ သွင်းကုန်အခွန်ပေးဆောင်ရခြင်းကို ရှောင်ရှားနိုင်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ကားများကို လျှစ်စစ်စနစ်အလုံးစုံ ပြောင်းလဲရန် အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ Tesla အတွက် အရေးကြီးသော ဈေးကွက်တစ်ခု ဖြစ်လာစေခဲ့ပါသည်။ သို့သော် ကျွမ်းကျင်သူအချို့၏ အဆိုအရ ညာဏပိုင်ဆိုင်မှု ဆိုင်ရာ ငှားရမ်းမှုများအပေါ်တွင် တရုတ်ကားထုတ်လုပ်သူများက မှီခိုနေရမှုသည် တရုတ်ပြည်တွင် ပြိုင်ဆိုင်ရန် ကြိုးစားနေသည့် နိုင်ငံခြားကုမ္ပဏီများကို ထိခိုက်စေ နိုင်ရုံမျှမက လျှပ်စစ်ကားထုတ်လုပ်ရာတွင် တီတွင်ဆန်းသစ်မှုများအပေါ်၌လည်း ယေဘူယျအားဖြင့် ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။

Tesla သည် တရုတ်နိုင်ငံတွင် လွတ်လွတ်လပ်လပ် ဖြစ်ထွန်းတိုးတက်အောင် ဆောင် ရွက်ခွင့်ရခြင်းသည် ကုမ္ပဏီအတွက်သာမက တစ်ကမ္ဘာလုံးအတွက် (ယင်းသည် အလွန်မြင့်မားသော သွင်းကုန်အခွန်ကို လက်ခံခြင်းဖြစ်သည်ဟု ဆိုလိုလျှင်တောင်) သတင်းကောင်းဖြစ်ပါသည်။
Source: fortune.com

Author