Tesla Motor ၏ အမှုဆောင်အရာရှိချုပ်သည်ဝန်ထမ်း ၃ဝဝဝ ကျော် (သို့မဟုတ်) ကုမ္မဏီ၏ ဝန်ထမ်း အင်အား ၉ ရာခိုင်နှုန်းခန့်ကို လျော့ချသွားမည်ဆိုသည့် သတင်းများထွက်ပေါ်နေလျက်ရှိပါသည်။ Tesla ၏ အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ လျှပ်စစ်ကားများကို အမြောက်အများ ဘယ်လိုလျှင်လျှင်မြန်မြန် တပ်ဆင်ထုတ်လုပ်နိုင်သည် ဆိုခြင်းကို မှား ယွင်းစွာ သုံးသပ်မိပြီးနောက် အမှုဆောင်အရာရှိချုပ် Musk သည်နှစ်များစွာ ဝန်ထမ်း အများအပြားငှားရမ်း ခန့်အပ်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သည်။
Tesla ၏ သက်တမ်း ၁၅ နှစ်အတွင်း အကြီးမားဆုံး ဝန်ထမ်းများလျော့ချမှုသည် Musk အား ငွေကြေးအမြောက်အများသုံးခြင်းကို လျော့ချကာ တစ်စုံတစ်ခု စတင်ဆောင်ရွက်ရန် ဖိအားတစ်ရပ်ဖြစ်လာစေလျက်ရှိပါသည်။ ပိုဆိုးသည်မှာ ကုမ္မဏီသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံအရှုံးပေါ်လျက်ရှိပြီး လုပ်ငန်းအပေါ် အကောင်းမြင်သည့်သူများပင်လျှင် ယခုလောက်ထိ အရှုံးပေါ်လိမ့် မည်ဟု မယုံကြည်နိုင်ဖြစ်လျက်ရှိနေသည်။ ကုမ္မဏီသည် နောက်လေးလပတ်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ဆုံးရှုံးမည်ဟု Bloomberg မီဒီယာက သုံးသပ်ထားသည်။ ထို့ကြောင့် Musk သည် ပြီးခဲ့သည့်လက Tesla ၏ ဘဏ္ဍရေးအခြေအနေကို မေးခွန်းများထုတ်ခဲ့သည့်လေ့လာသုံးသပ်သူများကို ပထမဦးဆုံးအကြိမ် အာရုံထားလာခဲ့သည်။
Musk သည် ယခုနှစ်အတွင်းလုပ်ငန်းအတွက် ဘဏ္ဍာငွေ ဖြည့်တင်းဖို့ မဖြစ်နိုင်ဟု ထင်မှတ်နေစဉ်မှာပင် ကုမ္မဏီတွင် အသွင်းပြောင်းလဲနိုင်သော ရှယ်ယာများမှာ ၂ဝ၁၉ နှစ်ဆန်းပိုင်းအရောက်တွင် ၁.၂ ဘီလီယံခန့် တန်ဖိုးရှိလိမ့် မည်ဖြစ်သည်။ ထိုသို့ ဘဏ္ဍာရေးအခြေနေများနှင့်အတူ လုပ်ငန်းဖော်ဆောင်မှုကုန်ကျစရိတ်တို့ပါ ထည့်သွင်းစဉ်းစားပါက ကုမ္မဏီသည် ယခုနှစ်တွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်လိုအပ်မည်ဖြစ်သည်ဟု Moody's Investors Service က ဆိုသည်။ ထို့ကြောင့် အမြတ်အစွန်းရရှိဖို့ ဝန်ထမ်းအရေအတွက်ကို ရုတ်တရက် လျော့ချခြင်းပင်ဖြစ်သည်ဟု Crowen & Co., ၏ စီစစ်လေ့လာသူ Jeff Osborne က ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံတွင် ကားနှင့် ဘက်ထရီစက်ရုံများတည်ဆောက်ခြင်းအတွက်လည်း Tesla သည် ၂ဝ၂ဝ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံကျော် အရင်းအနှီးလိုအပ်ကောင်းလိုအပ်နိုင်သည်ဟု Goldman Sachs Group Inc. ၏ လေ့လာသုံးသပ်သူများက ဆိုသည်။ "ကျွန်တော်တို့ လုပ်ငန်းစတင်တည်ထောင်ကတည်းက နှစ်စဉ် အမြတ်မရရှိတာ ၁၅ နီးပါရှိနေပါပြီ။ ကျွန်တော်တို့ကို အဓိက မောင်းနှင်နေတဲ့အရာကတော့ ကမာကြီးပေါ်မှာသန့်ရှင်းပြီး ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်း အင်အသုံးပြုမှုကို အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်းနိုင်ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အမြတ်အစွန်းမရရင်တော့ ဒီရည်မှန်းချက်ပြည့်ဝလိမ့်မှာ မဟုတ်ဘူး" ဟု Musk က ဆိုသည်။၂ဝ၁ဝ ကတည်းက Tesla ရှယ်ယာများသည် ဆက်တိုက်မြင့်မားလာခဲ့ပြီး ထိုသို့မြင့်မားလာခြင်း ကပင်လျှင် Telsa အား သယ်ယူပို့ဆောင်ရေးတီတွင်ဆန်းသစ်မှု ခေတ်သစ်ဆီသို့ ဦးတည်ရွှေ့လျားသွားစေခဲ့ပါသည်။ လွန်ခဲ့သော ၁၂ လက ထုတ်လုပ်ရေးခက်ခဲမှုများ၊ ကြွေးမြီးနှင့် ဆက်စပ်သော စိုးရိမ်ပူပန်မှုများကြောင့် ရှယ်ယာတန်ဖိုး ၄.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကာ Ford နှင့် General Motors တို့နောက်ကိုရောက်ရှိသွားခဲ့ပါသည်။
Source –
Bloomberg LP
International Business News
vulcanpost.com