ရန်ကုန်လိုင်စင်တက္ကစီများ အရေအတွက်မလျော့သော်လည်း နယ်လိုင်စင် တက္ကစီပြေးဆွဲမှူ ကန်သတ်ရန်ရှိ

0

Full article


ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့်အငှားယာဉ် (Taxi)စာရင်း စာရင်း ကောက်ခံနေရာ ရန်ကုန်လိုင်စင်များနဲ့ ပြေးဆွဲနေတဲ့ Taxi ကိုတော့ အရေအတွက်လျော့မှာမဟုတ်ဘဲ နယ်လိုင်စင် Taxi များကို ကန့်သတ်ရန် ပြန်လည်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။Taxi တွေကို စာရင်းကောက်ထားပေမယ့် လျော့ဖို့တော့မရှိသေးပါဘူး။နယ်က လာရောက်ပြေးဆွဲနေတဲ့ Taxi တွေက ချပေးထားတဲ့ နေရာမှာ မသုံးဘဲ ရန်ကုန်မှာပဲ လာကောက်ပြေးဆွဲနေပါတယ် ဒါကိုတော့ ပြန်လည်ဆွေးနွေးသွားမှာပါ။လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

YBS အများပိုင်ယာဉ်လိုင်း ပြေးဆွဲမှူ ကောင်းမွန်စွာလုပ်ဆောင်ပီးရင် Taxi ပြေးဆွဲနေမှူများအား စည်းကမ်း စနစ်တကျ ပြေးဆွဲနို်င်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi အရေအတွက်မှာ ၆၅၇၃၅ စီး ရှိနေပြီ ကိုယ်ပိုင်ကား နံပတ်အနက်မှ အဌားယာဉ် နံပတ်အနီသို့ ပြောင်းလဲထားသည့် အရေအတွက်မှာ ၂၇ဝဝဝ ကျော်ရှိနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author