အပူးအက္ခရာ မဟုတ်သော တက္ကစီများ နံပါတ် အနက် ပြောင်းလဲမည်ဆိုလျှင် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူရမည်

0

Full article

Photo Credit

အပူးအက္ခရာ မဟုတ်သော တက္ကစီများ နံပါတ်အနက် ပြောင်းလဲမည်ဆိုလျှင် ရန်ကုန်တိုင်း ဝန်ကြီး ချူပ် သဘောဆန္ဒအတိုင်း လုပ်ဆောင်၍မရဘဲ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ရယူပြီး မှသာ လုပ်ဆောင်နိုင်မှာ ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူးဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

"ဥပဒေမှာက ပိုင်ရှင်ဆန္ဒအရ အနီကနေ အနက်ပြန်ပြောင်းချင်လည်းရတယ်။ မပြောင်းချင်လည်းရ တယ်။ ရန်ကုန်တိုင်းကနေ ပြည်ထောင်စု အဖွဲ့ကို တက်ပြရမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က ဆုံးဖြတ်မှ ရမယ်။"ဟု ရန်ကုန်တိုင်း ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှူးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ရာသက်ပန်မဟုတ်သည့် တက္ကစီတွေကို နံပါ တ်အနက် ပြန်ပြောင်းလဲမည်ဟု မကြာခဏ ပြောကြားထားမှုများရှိနေပြီး စက်တင်ဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် YBS ၈ လပြည့် သုံးသပ်သည့် အစည်းအဝေးတွင် ရန်ကုန်လိုင်စင်ရာ သက်ပန်တက္ကစီ တွေကလွဲပြီး ကျန်တဲ့ရန်ကုန်လိုင်စင်နံပါတ် အနက်ကနေ အနီပြောင်းထားသည့် တက္ကစီတွေကို နံပါတ်အနက်ပြန်ပြောင်းရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

ခေတ်သစ်

Author