နယ်လိုင်စင် တက္ကစီကားများ ရန်ကုန်မြို့အဝင်တွင် အခွန်ကောက်ခံသည် စနစ်လုပ်ဆောင်မည်

0

Full article

ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသော နယ်လိုင်စင် တက္ကစီကားများကို ရန်ကုန်မြို့ဝင်မည်ဆိုလျှင် မြို့အဝင်တွင် အခွန်ကောက်ခံသည့် စနစ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းတွင် မောင်းနှင်နေသော နယ်တက္ကစီများကို မြို့အဝင်အထွက် ဂိတ်များတွင် အခွန်ကောက်ခံသွားမည့် စနစ်ကို မကြာခင်ပြုလုပ်သွားရန်ရှိကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က သိရသည်။

"ရန်ကုန်မှာ ရန်ကုန်လိုင်စင်ကားဆွဲတာ ဖြစ်ရမှာ။ ဒါပေမယ့် သီးခြားလုပ်ဆောင်ဖို့ အဖက်ဖက်က စဉ်းစားနေပါတယ်။ ရန်ကုန်မှာ နယ်လိုင်စင်တက္ကစီတွေက တအားများနေတယ်။ ဒီဟာတွေကို စီစစ်ဖို့အတွက် မြို့အဝင်အထွက်ဂိတ်တွေလို နေရာတွေမှာ အခွန်ကောက်ခံတာကို လုပ်သွားဖို့ရှိတယ်။ တက္ကစီတွေ ပြေးဆွဲသွားလာနေတာကို စနစ်တကျ ဖြစ်အောင် မဖြစ်မနေလုပ်ရမှာပါ "ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းယာဉ်ကြောကြပ်တည်းမှုကို အဓိကထားလုပ်ဆောင်နေရာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို ထိရောက်စွာ အရေးယူသွားရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တွင် မောင်းနှင်နေသည့် တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင် ပြုလုပ်ပြီးပါက စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တက္ကစီနယ်ပယ်ကို ပြန်ကြည့်လိုက်ရင် တက္ကစီအရေအတွက်ဟာ အလွန်များပြားတယ်လို့ ကျွန်တော် တို့ကို နယ်ပယ်အသီးသီးက ပြောပါတယ် ။ဒါကြောင့်မို့ တက္ကစီကို ဘယ်လောက် အရေအတွက်လောက် ထားသင့် သလဲဆိုတာကို ကျွန်တော်တို့ လေ့လာဆန်းစစ်မှုတစ်ခုပြုနေပါတယ်"ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက Grab တက္ကစီမိတ်ဆက်ပွဲတွင် ပြောကြားထားခဲ့သည်။

Author