(Photo: Flickr)
ယခုစီစဉ်ထားသော စည်းကမ်းချက်များအရ အငှားယဉ်အဖြစ် ပြန်လည်တင်သွင်းမည့် ကားများအတွက် ၂ဝဝ၇ မော်ဒယ်အထက်၊ ဘယ်မောင်းဖြစ်ရန်လိုပြီး အရောင်သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အရောင်တစ်ရောင်တည်း သို့မဟုတ် ပြည်နယ်/တိုင်းဒေသကြီးအလိုက် တစ်ရောင်စီလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်တင်သွင်းမည့် ကားများအား နောက်ပိုင်းတွင် အိမ်စီးကားအဖြစ် ပြန်လည်ရောင်းစားခြင်းများ မပြုလုပ်နိုင်ရန် အငှားယဉ်အဖြစ်သာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး နံပါတ်ကိုလည်း အခြား အိမ်စီးကား နံပါတ်များနှင့် ကွဲပြားအောင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယခုလက်ရှိ အငှားကားအများစုမှာ ဟောင်းနွမ်းပျက်စီးနေကာ စီးနင်းသူများအတွက် သက်တောင့်သက်သာ စီးနင်းနိုင်မှုမရှိပဲ ဖြစ်နေသည်။ ကားတံခါးများ ပျက်စီးကာ အလွယ်တကူ ဖွင့်မရခြင်း၊ ကားထိုင်ခုံများ ပျက်စီးပေါက်ပြဲနေခြင်း၊ ကားဟူသော အင်္ဂါရပ်ဖြင့် မညီတော့သော ကားများကြောင့် ခရီးသည်များအတွက် အန္တရယ်ဖြစ်စေသည့်အပြင် လမ်းမအလယ်များတွင် မကြာခဏ ကားပျက်မှုများကြောင့် လမ်းပိတ်ဆို့မှုများလည်း အမြဲဖြစ်ပေါ်လျှက်ရှိသည်။
ယခုပြုလုပ်မည့် အစီအစဉ်ကြောင့် မြန်မာနိုင်ငံတွင် ပိုမိုသစ်လွင်ပြီး သက်တောင့်သက်သာ စီးနင်းနိုင်မည့် အငှားကားများ ပိုမိုများပြားလာနိုင်ပါစေဟု မျှော်လင့်မိပါသည်။