နယ်လိုင်စင် တက္ကစီကားများ ပြေးဆွဲမှု အခွန်ကောက်ခံသည့် စနစ်လုပ်ဆောင်သွားမည်

0

Full article

ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသော နယ်လိုင်စင် တက္ကစီကားများ ပြေးဆွဲနေမှုများကို အခွန်ကောက်ခံသည့် စနစ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မောင်းနှင်နေသော နယ်တက္ကစီများကို မြို့အဝင်အထွက်ဂိတ်များတွင် အခွန်ကောက်ခံသွားမည့် စနစ်ကို မကြာခင်ပြုလုပ်သွားရန်ရှိကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေသိရပါသည်။

" ရန်ကုန်မှာ ရန်ကုန်လိုင်စင်ကားပဲဆွဲတာ ဖြစ်ရမှာပါ။ ရန်ကုန်မှာကနယ်လိုင်စင်တက္ကစီ တွေကတစ်အားများနေတယ်။ ဒီဟာတွေကို စိစစ်ဖို့အတွက် မြို့အဝင်အထွက်ဂိတ်တွေလို နေရာတွေမှာ အခွန်ကောက်ခံတာကို လုပ်သွားမယ်။ တက္ကစီတွေ ပြေးဆွဲသွားလာနေတာကို စနစ်တကျဖြစ်အောင် မဖြစ်မနေလုပ်ရမှာပါ"ဟုရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို ထိရောက်စွာ အရေးယူသွားရန် လုပ်ဆောင်မည်ဖြစ် ပြီး ရန်ကုန်တွင် မောင်းနှင်နေသည့် နယ်လိုင်စင် တက္ကစီများနှင့် စီးတီးတက္ကစီ မှတ်ပုံတင် လာရောက်ပြုလုပ်ရန် ကျန်ရှိနေသောကားများကို ထိန်းချူပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author