စတေကာအမဲ တပ်ဆင်ထားသော တက္ကစီကားများ ကညနတွင် ယာဉ်သက်တမ်းတိုး ပြုလုပ်ခွင့်ပေးတာ့မည်မဟုတ်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်လျက်ရှိသည့် စတေကာ အမဲတပ်ဆင်ထားသော အဌားယဉ်တက္ကစီကားများကို ကညနတွင် ယာဉ်သက်တမ်းတိုး ပြုလုပ်ခွင့်ပေးတာ့မည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က သိရသည်။

ယာဉ်သက်တမ်းတိုးပြုလုပ်ပေးရာတွင် တက္ကစီကားများကိုသာ စတေကာအမဲတပ်တာကို ခွင့်ပြုမည် မဟုတ်ဘဲ ပုံမှန်အတိုင်း မြင်နိုင်စွမ်းအား ၆ဝ ရာခိုင်နှုန်း အထက်ရှိသော အိမ်စီးကားများကိုတော့ မှတ်ပုံတင်ပြုလုပ်ပေးမှာ ဖြစ်ကြောင်း သိရသည်။

"ယာဉ်သက်တမ်းပြုလုပ်တာကို စတေကာ အမည်း တပ်ထားတဲ့ကားတွေ အားလုံး လိုင်စင်ပေးမဝင်တော့ပါဘူး။ တိုင်းအစိုးအဖွဲ့ကလည်း စတေကာအမည်း တပ်ရင် လုပ်ငန်းလိုင် ပိတ်သိမ်းမယ်လို့ သတိပေးထားပီးတဲ့အတွက် တက္ကစီ ကားတွေကို ယာဉ်စစ်ဆေးတဲအခါ စတေကာတပ်တာကို လုံးဝခွင့်မပြုတော့တာပါ။"လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန ကသိရပါသည်။

စတေကာအမဲ တပ်ထားသော တက္ကစီများကို သက်တမ်းတိုးမပြုလုပ်ရန် ညွှန်ကြားထားရာ စက်ကိရိယာ ၆ မျိူးဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမည့် စက်ကိရိယာများမှာ side slip tester, exhaust emission tester , axle play tester, headlamp tester, brake tester နှင့် noise tester တို့ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

Author