စည်းကမ်းချက် ၇ ချက် ဖောက်ဖျက်သော အဌားယာဉ်တက္ကစီများကို နယ်နှင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့ထံတင်ပြထား

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲသွားလာနေလျှက်ရှိသော စည်းကမ်းချက် ၇ ချက်ဖောက်ဖျက်သည့် အဌားယာဉ်တက္ကစီများကို နယ်နှင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားလိုက်ပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။

ယာဉ်အချက်ပြမီးပွိုင့်အနီးအနားတွင် ခရီးသည်အတင်အချပြုလုပ်သော တက္ကစီများ ၊စတေကာကပ်ထားသော တက္ကစီများ၊ ဘတ်စ်ကားမှတ်တိုင်တွင် ခရီးသည်အတင်အချပြုလုပ် နှင့် ရပ်နားထားသောတက္ကစီများကို စစ်ဆေးဖမ်းဆီးအရေးယူသွားမည်ဖြစ်ရာ နယ်နှင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြထားရှိကြောင်း သိရသည်။

"ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ စည်းကမ်းချက် ၇ ချက်ဖောက်ဖျက်တဲ့ တက္ကစီတွေကို နှယ်နှင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားတယ်။ ရာသက်ပန် တက္ကစီတွေလည်း စည်းကမ်းဖောက်ဖျက်မယ်ဆိုရင်နယ်နှင်တာတွေလုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးမှ အကြီးတန်းအရာရှိတစ်ဦးထံကသိရသည်။

ရန်ကုန်တိုင်းတွင် ရာသက်ပန် အဌားယာဉ် တက္ကစီများဖြစ်သည့်AA , BB နှင့် CC ကားအစီးရေ၃ဝ,ဝဝဝ, ရာသက်ပန်မဟုတ်သည့် တက္ကစီများဖြစ်သောနံပါတ်အနက်မှ နံပါတ်အနီပြောင်းထားသည့် တက္ကစီ ကားအစီးရေ ၃ဝ,ဝဝဝ နှင့် အခြားပြည်နယ်တိုင်းဒေသကြီးများမှ နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲ့နေသည့် တက္ကစီ အစီးရေ ၃ဝ,ဝဝဝ ရှိနေရာ ရန်ကုန်မြို့တွင် စုစုပေါင်း တက္ကစီအစီးရေ ၉ဝ,ဝဝဝ အထိရှိနေကြောင်း သိရသည်။

Law Enforcement

Author