ရာသက်ပန် AA,BB တက္ကစီများ စည်းကမ်းဖောက်ဖျက်ပါက နယ်နှင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှတင်ပြထားရှိ

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ရာသက်ပန်နံပါတ်အနီ (AA,BB)အငှားယာဉ်တက္ကစီများကို နယ်နှင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထာင်စုအစိုးရပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ထံတင်ပြထားရှိကြောင်း သိရသည်။

ရန်ကုန်လိုင်စင် ရန်ကုန်လိပ်စာပေါက် အဌားယာဉ် တက္ကစီ်ကားများကို သက်ဆိုင်ရာ ပြည်နယ်တိုင်းအတွင်းပြေးဆွဲခွင့်ရှိသည်ဟု ဖော်ပြထားသဖြင့် ရန်ကုန်လိုင်စင် AA,BB အစရှိသော တက္ကစီများ စည်းကမ်းဖောက်ဖျက်ပါက ယင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ နယ်နှင်မရဖြစ်နေရာကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယင်းကိစကို ပြည်ထောင်စုအစိုးရအဖွဲ့ထံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

" ရန်ကုန်လိုင်စင် ရန်ကုန်လိပ်စာပေါက် AA,BB, တက္ကစီတွေကို စည်းကမ်းဖောက်ဖျက်ရင်နယ်နှင်ဖို့ တင်ပြထားတာရှိပါတယ်။ ဒီကားတွေက အရင်က ကိုယ့်ပြည်နယ်နဲ့တိုင်းမှာပဲပြေးဆွဲရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ ဒါကို ပြန်ပြီးပြင်ဆင်မယ်ဆိုရင် သေချာဆွေးနွေးပြီးပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြပြီးလုပ်ဆောင်ရမယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် ရာသက်ပန် အဌားယာဉ် တက္ကစီ များဖြစ်သည့် AA , BB ,CC ကားများသည် ကားအစီးရေ ၃ဝဝဝဝ နှင့် ရာသက်ပန်မဟုတ်သည့် နံပါတ်အနက်မှ နံပါတ် အနီပြောင်းထားသည့် Taxi ကားအစီးရေ ၃ဝဝဝဝ အထိ ရှိပြီး တစ်ခြားပြည်နည်နှင့် တိုင်းများမှဝင်ရောက်ပြေးဆွဲနေသော တက္ကစီ များလည်းရှိနေကြောင်းသိရသည်။

Regulation

Author