တက္ကစီများ နယ်နှင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနမှ အတည်ပြုဆုံးဖြတ်ပြီး ရှေ့နေချူပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံထား

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲသွားလာနေလျက်ရှိသော အဌားယာဉ်တက္ကစီ များကို ပြစ်မှု ၇ ချက်အနက် တစ်ခုခု ဖောက်ဖျက်ကျူးလွန်ပါက ပြည်နယ်တိုင်းများသို့နယ်နှင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှအတည်ပြုဆုံးဖြတ်ပြီး ရှေ့နေချူပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံ ထားရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသော စည်းကမ်းဖောက်ဖျက်သည့်အဌားယာဉ်တက္ကစီများကို နယ်နှင်ရန် သတ်မှတ်ထားသော ပြစ်မှု ၇ ချက်မှာ ၃ဝ၄(က)အရလူသေဆုံးမှုဖြစ်ပွားသည့် ယာဉ်တိုက်မှုဖြစ်ပွားခြင်း၊ သတ်မှတ်ယာဉ်နံပါတ်ပြားမတပ်ဆင်ထားသည့်ယာဉ်များ၊ မော်တော်ယာဉ်နှင့် ပြစ်မှုဆိုင်ရာတစ်ခုခုဖြစ်ပွားခြင်း၊ ယာဉ်အချက်ပြမီးပွိုင့်အနီးအနားတွင် ခရီးသည်အတင်အချပြုလုပ်သော တက္ကစီများ၊ စတေကာကပ်ထားသော တက္ကစီများ၊ ဘတ်စ်ကားမှတ်တိုင်တွင်ခရီးသည်အတင်အချပြုလုပ်ရပ်နားထားသောတက္ကစီများနှင့် free way နေရာများတွင် ရပ်နားထားသည့် တက္ကစီ များကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလက်ရှိမှာ ရန်ကုန်တိုင်းမှာပြေးဆွဲနေတဲ့ တက္ကစီတွေကို အချက် ၇ ချက်ထဲက တစ်ခုခုဖောက်ဖျက်ရင် နယ်နှင်ဖို့အတွက် တင်ပြထားတယ်။ပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးမှာတော့ ဆုံးဖြတ်ပြီးပြီ။ ရှေ့နေချူပ်ရုံးကို ထပ်ပြီးတင်ပြပြီး သဘောထားမှတ်ချက်တောင်းခံထားတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်း ၇ ချက်ထဲက စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကိုပဲ နယ်နှင်တာတွေလုပ်ဆောင်သွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးတွင် ရာသက်ပန် အဌားယာဉ် တက္ကစီ များဖြစ်သည့်AA , BB နှင့် CC ကားများသည် ကားအစီးရေ ၃သောင်း၊ ရာသက်ပန်မဟုတ်သည့် တက္ကစီများဖြစ်သော နံပါတ်အနက်မှ နံပါတ် အနီပြောင်းထားသည့် တက္ကစီ ကားအစီးရေ ၃သောင်းနှင့် အခြားပြည်နယ်တိုင်းဒေသကြီးများမှ နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲ့နေသည့် တက္ကစီ အစီးရေ ၃သောင်း စုစုပေါင်း အစီးရေ ၉ဝ,ဝဝဝ အထိရှိနေကြောင်း သိရသည်။

Author