Full article

ရန်ကုန်၊ ဇူလိုင် – ၁၁

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အငှားယာဉ်ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို ထောက်ကြန့်သို့ပြောင်းရွှေ့ရာတွင် လုပ်ငန်းလိုင်စင်ပြုလုပ်ပေးခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထောက်ကြန့် က.ည.န ရုံးကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်.။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အငှားယာဉ်ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို သြဂုတ်လ ၁ ရက်နေ့တွင် ပြောင်းရွှေ့သွားမည်ဖြစ်သည်.။ ထိုသို့ပြောင်းရွှေ့လုပ်ကိုင်ရန်အတွက် က.ည.န ရုံးတွင် အငှားယာဉ်ကနဦး မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ အငှားယာဉ်နှင့်ပတ်သက်သည့် လုပ်ငန်းလိုင်စင်ထုတ်ပေးမှုကိုပါ ပြောင်းရွှေ့ဆောင်ရွက်ပေးသွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်.။ "အငှားယာဉ်တွေကို ထောက်ကြန့်မှာ ကနဦး မှတ်ပုံတင်ပေးဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ ကွန်ပျူတာတွေနဲ့ Data တွေကို ပြင်ဆင်နေပါတယ်.။ ပြီးတော့ ရွာသာကြီး က.ည.န ရုံးမှာ အငှားယာဉ်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်း ဇူလိုင်လအတွင်း ရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ.။ အငှားယာဉ်ပိုင်ရှင်တွေအဆင်ပြေစေရန် အတွက်လည်း အငှားယာဉ်လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းကိုပါ ထောက်ကြန့်မှာတစ်ခါတည်း ဆောင်ရွက်နိုင်ဖို့ စီစဉ်သွားမှာပါ" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်.။

လက်ရှိအချိန်တွင် အငှားယာဉ်ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းတွင် အစီးရေနည်းပါးလျှက်ရှိရာ တစ်လလျှင် အစီးရေ ၃ဝဝ ဝန်းကျင်သာ ကနဦးမှတ်ပုံတင်ပြုလုပ်လျှက်ရှိရာ ဇူလိုင်လ ၁၁ ရက်အထိ FF-9450 ကျော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်.။

မင်းညီ

(July 18, 2015 ထုတ် AutoCar Buyers' Guide မှ ကူးယူဖော်ပြသည်)

Img Credit : mmbiztoday

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author