YBS စနစ်၏ လိုအပ်ချက်များ လုပ်ဆောင်ပြီးမှသာ အဌားယာဉ်များ လျော့ချသည့် ပြန်လည်စိစစ်မှူ လုပ်ဆောင်မည်

0

Full article


ရန်ကုန်မြို့တွင် အများပြည်သူစီးနင်းသွားလာနေသည့် အများပိုင်ယာဉ်လိုင်း YBS စနစ်၏ လိုအပ်ချက်များ လုပ်ဆောင်ပြီးမှသာ အဌားယာဉ်များ လျော့ချသည့် ပြန်လည်စိစစ်မှူ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ကသိရပါတယ်။အများပိုင်းယာဉ်လိုင်း YBS စနစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ပြောင်းလဲပြေးဆွဲနေပြီး ယနေ့အထိ အဆင်မပြေမှူများကြုံတွေ့နေရလျက်ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပိုင်ဘတ်စ်ကား အစီးရေ ၃ဝဝဝ ခန့်ကို ဝယ်ယူရန်လုပ်ဆောင်နေလျက်ရှိပြီး စနစ်တကျပြေးဆွဲနိုင်မှူ ဧပြီလ အကုန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ထို အများပိုင်ယာဉ်လိုင်း စနစ်၏ လိုအပ်ချက်များ ပြင်ဆင်ရမည့် အချက်များစွာ ရှိနေသေးသဖြင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အဌားယာဉ်(Taxi )များကို လျော့ချပြီး စနစ်တကျပြေးဆွဲမှူ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

Taxi တွေကို စနစ်တကျပြေးဆွဲနိုင်ဖို့ ကိုင်တွယ်သွားမယ်ဆိုတာက အရင်ဆုံး အများပိုင်ယာဉ်လိုင်းစနစ်ရဲ့ ပြင်ဆင်မှူတွေကို လုပ်ဆောင်ရမှာဖြစ်တယ်။နောက်ပိုင်းကျရင်တော့ Taxi တွေစနစ်တကျရပ်နားမယ့် stand တွေလုပ်ဆောင်ရမယ်။Taxi တွေကို လျော့ချဖို့က သေချာဆွေးနွေးပြီးမှ လုပ်ဆောင်ရမှာပါ။အချိန်ယူရဦးမှာဖြစ်ပါတယ်။ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသည့် AA,BB,CC, စသည့် အဌားယာဉ်အရေအတွက်မှာ ၃ သာင်းခွဲအထိရှိရာ လူစီးနံပါတ်အနက်မှ အဌားယာဉ်Taxi နံပါတ်အနီသို့ပြောင်းလဲသည့် အရေအတွက်မှာ ၂၇ဝဝဝ ခန့်ရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author