စတေကာကပ်ရာသက်ပန်တက္ကစီများကို ပြေးဆွဲခွင့် လုပ်ငန်းလိုင်စင် ၁ နှစ်ပိတ်သိမ်းကာ ရာသက်ပန်မဟုတ်သည့်တက္ကစီများအား လုပ်ငန်းလိုင်စင်အပြီးပိတ်သိမ်းကာ နံပါတ်အနက်ပြန်ပြောင်းရမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မောင်းနှင်နေသော တက္ကစီများ၏ ကားမှန်များတွင် စတေကာ ကပ်ထားသည့်ကား ၆၆ စီးကို အရေးယူထားရာတွင် ရာသက်ပန် AA,BB နှင့် CC တက္ကစီကား ၄၂ စီးကို လုပ်ငန်းလိုင်စင် ၁ နှစ်ပိတ်သိမ်းပြီး အက္ခရာအပူးမဟုတ်သော ကျန်တက္ကစီ ၂၄ စီးကို လုပ်ငန်းလိုင်စင်အပြီးပိတ်သိမ်းကာ နံပါတ်အနီမှ နံပါတ်အနက်သို့ပြန်ပြောင်းရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ရန်ကုန်မြို့တွင် မောင်းနှင်နေသော တက္ကစီများ၏ ကားမှန်များတွင် စတေကာ ကပ်ခြင်းအားထိရောက်စွာအရေးယူဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွန်ကြားချက်အရ ၂ဝ၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်မှ ဖေဖေါ်ဝါရီ ၆ ရက်အထိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ပေးပို့လာသည့် ဖမ်းဆီးမော်တော်ယာဉ် ၈၉ စီးစာရင်းအား လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ စင်းလုံးဌား(ဂ)လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည့် ယာဉ် ၆၆ ရှိကြောင်းသိရသည်။

"ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ စတေကာကပ်တက္ကစီ ၆၆ စီးကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းဖို့တင်ပြထားတယ်။ စတေကာကပ်ထားတဲ့ တက္ကစီ ကားတွေကို အရေးယူဖို့ တင်ပြထားတာနယ်နှင်တာလည်းမလုပ်ဘဲ ရာသက်ပန် တက္ကစီ ကား၄၂ စီးကိုကား ပြေးဆွဲခွင့်တစ်နှစ်ပိတ်သိမ်းပြီး ရာသက်ပန်မဟုတ်တဲ့ တစ်လုံးအက္ခရာ ကားတွေကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းကာ နံပါတ်အနီကနေ နံပါတ်အနက် ပြန်ပြောင်းဖို့ တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် မောင်းနှင်သွားလာနေသည့် စတေကာကပ်တက္ကစီ အစီးရေ ၆၆ စီး ကိုယာဉ်လိုင်စင်သက်တမ်းတိုးပြုလုပ်ပါက ကညနမှ ယာဉ်၏ဝှီးတက်အား သိမ်းဆည်းထားရှိပြီး ရာသက်ပန်တက္ကစီ ၄၂ စီးကို တစ်နှစ်ပြည့်ပါက ယာဉ်နှင့်သက်ဆိုင်သော ဝှီးတက်များ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါသည်။

Law Enforcement

Author