ရန်ကုန်တွင် တက္ကစီ အစီးရေ များနေ၍ စီစစ်ရန် လုပ်ဆောင်မည် ဟု ရန်ကုန်တိုင်းဝန်ကြီးချူ ပ်ပြော

0

Full article

ရန်ကုန်မြို့ တွင် အဌားယာဉ် တက္ကစီအရေအတွက် များပြားနေ၍ အရေအတွက်စီစစ်ရန် လေ့လာဆန်းစစ်မှုတွေပြုလုပ်နေတယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်၂၆ ရက်နေ့ Grab အဌားယာဉ် တက္ကစီမိတ်ဆက်ပွဲတွင် ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ တက္ကစီနယ်ပယ်ကို ပြန်ကြည့်လိုက်ရင် တက္ကစီအရေအတွက်ဟာ အလွန်များပြားတယ်လို့ ကျွန်တော်တို့ကို နယ်ပယ်အသီးသီးက ပြောပါတယ် ။ ဒါကြောင့်မို့ တက္ကစီကို ဘယ်လောက် အနေအထားလောက် အရေအတွက်လောက် ထားသင့်သလဲဆိုတာကို ကျွန်တော်တို့ လေ့လာဆန်းစစ်မှုတစ်ခုပြုနေပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ တက္ကစီနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ ‌ကြိုးပမ်းနေပါတယ်။ အစိုးရဘက်ကနေ ဖြစ်စေချင်တဲ့ အခြေအနေတစ်ခုက မောင်းသူရော စီးသူရော လုံခြုံ စိတ်ချနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ဖို့ ဝန်ဆောင်မှူ တစ်ခု ချိတ်တွဲထားဖို့ လိုပါတယ်လို့ လည်း ပြောခဲ့ပါတယ်။ ရန်ကုန်မြို့တွင် အဌားယာဉ်အစီးရေ ၆၈ဝဝဝ နီးပါးရှိနေရာ နယ်ဒေသများက ဝင်ရောက်ပြေးဆွဲနေတဲ့ တက္ကစီ တွေလည်းရှိနေကြောင်း သိရပါသည်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြိးအစိုးရအဖွဲ့သည် ရန်ကုန်မြို့လူဦးရေငါးသန်းနီးပါး၏ ဝန်ဆောင်မှုတွေကိုပေးနိုင်သည့် YBS ဘတ်စ်ကားစနစ် ၊ တက္ကစီ အငှားယာဉ်စနစ် ၊ မြို့ပတ်ရထား ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ် Water Taxi နှင့် Water Bus ကဲ့သို့ ပြေးဆွဲပေးနိုင်မည့် စနစ်တွေကိုလည်း ရန်ကုန်တွင် ကျင့်သုံးသွားဖို့ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

ခေတ်သစ်

Author